𝑳𝒐𝒗𝒆 𝒂𝒕 𝒇𝒊𝒓𝒔𝒕 𝒔𝒊𝒈𝒉𝒕

2.1K 236 25
                                    

[Unicode]

နေ့ဘက်ဆို နေပူထဲထွက်လို့မရဘဲ အရိပ်ရသည့်နေရာ
များတွင်သာ သွားခွင့်ရှိသည့်သူတို့..။လူနံ့ရလျှင်ထိန်း
ဖို့အလွန်ခက်ပြီး ဆာလောင်သည့်အရာက သွေး ..။
ဟုတ်ပါသည် ထိုအရာမှာတော့ လူ့သွေးသောက်ရသည့်
ဗန်ပိုင်းယားတွေဖြစ်သည် ။

နီညိုရောင်ရှိသည့် စံအိမ်ကြီး...။
တိတ်ဆိတ်လွန်းသည်က မနက်တွင်သာ တိတ်ဆိတ်
ပေမယ့် ညတွင်တော့ ထိုစံအိမ်ကြီးသည် အသံပေါင်း
စုံထွက်လျက်ရှိသည် ။ထိုစံအိမ်ကြီးတွင် ရှိသော သူ
များမှာ ဗန်ပိုင်းယားများသာဖြစ်ကြသည် ။

"မနက်ဖန် လူတွေခေါ်လာရမယ့်နေ့နော်...ဂျောင်ကု
မင်း အမဲမလိုက်ဘူးဆိုရင်တောင် မနက်ဖန်ကို
မဖျတ်စီးနဲ့ ..မင်းမဆာပေမယ့် ငါတို့တွေဆာတယ် "

အသားဖြူစွတ်ပြီး ဆံပင် အဖြူရောင်ရှိသော
ဗန်ပိုင်းယားမှ ဆံပင် အမဲကို တစ်ဝက်စည်းကာ
ဘောင်ပေါ်တွင် ထိုင်နေသော ဗန်ပိုင်းယားကိုပြော
လိုက်တော့ ထိုထိုင်နေသော ဗန်ပိုင်းယားမှ အောက်
ကိုဆင်းကာ...

"အပြင်မှာလည်း မင်းတို့ သောက်လို့ရသားနဲ့ ...ဘာလို့
ယစ်ပူဇော်သလို လူတွေဖမ်းဦးမှာလဲ "

ထို ဗန်ပိုင်းယားမှ အလိုမကျသလိုပြောလိုက်တော့...

"ဂျောင်ကု..မင်းက ဗန်ပိုင်းယားဖြစ်ပြီး တိရစ္ဆာန်သွေး
နဲ့ ကျေနပ်နေပေမယ့် ငါတို့က မတူဘူးကွ ..
ပြီးတော့ မနက်ဖန်ကိုလည်း မင်းအဖေ ငါတို့ ဦးလေး
က သတ်မှတ်ပေးထားတဲ့နေ့ ..မင်းမကြိုက်ရင်တောင်
အရင်တစ်ခါကလို ပြန်မလွှတ်ပေးနဲ့ ။ဒီတစ်ခါ မင်း
အဖေက မင်းကို အလွတ်ပေးမှာမဟုတ်တော့ဘူး "

အကိုဖြစ်သူ ယွန်းဂီပြောသည့်စကားကို ဘာမှ ပြန်
မပြောတော့ဘဲ လေအလျင်နှင့် အပြင်တစ်နေရာသို့
ထွက်လာခဲ့တော့သည် ။

ထိုစံအိမ်ကြီးမှာ နေရတာ မွန်းကြပ်သည် ။
ဗန်ပိုင်းယားတွေကြားထဲတွင် သူက သင်းကွဲသာ..။

လူ့သွေးထက် တိရစ္ဆာန်သွေးကိုသာခုံမင်တတ်သူ..။
မိမိ၏ ‌မိခင်က လူသားဖြစ်သည့်အတွက် လူသားတွေ၏
သွေးသောက်ရမှာ ရှက်ရွံမိကာ သနားမိသည် ...။
ထို့ကြောင့် ဖခင်သတ်မှတ်ထားသည့် အမဲလိုက်နေ့ဟု
ဆိုသော မနက်ဖန်ရောက်တိုင်း ဖမ်းလာသမျှ လူသား
များအား အနည်းအများ ပြန်လွှတ်ပေးခဲ့တာချည်းသာ..။

𝐏𝐮𝐫𝐩𝐥𝐞 𝐓𝐡𝐞𝐨𝐫𝐲 || Oɴᴇ Sʜᴏᴛ ||Tempat cerita menjadi hidup. Temukan sekarang