𝐇𝐨𝐦𝐞

2.1K 258 32
                                    

[Unicode]

"မောင် ..ဒီနေ့ စောစောပြန်လာမယ်မလားဟင်..?"

"အာ..မောင်စောစောပြန်လာလို့မရလောက်ဘူး ထယ်ရဲ့ ..!"

"မောင်ရယ် ဒီနေ့ သားလေးနှစ်နှစ်ပြည့်လေ ..
စောစောပြန်လာခဲ့ပါနော် ။ "

"အင်း ..မောင်ကြိုးစားကြည့်မယ်လေ ..။
အခု အသစ်ဝင်မယ့်ရှယ်ယာရှင်အသစ်တွေ‌ကြောင့်အလုပ်ရှုပ်နေတာမို့..
ဒါပဲနော် ထယ် မောင်အလုပ်များနေလို့ "

တစ်ဖက်မှ မောင်ဖုန်းချသွားသည်အထိ ဖုန်းကိုလက်ထဲမှာကိုင်ထားပြီး‌‌ကြောင်‌နေမိသည်..။ မောင်ကလေ အမြဲတမ်းအလုပ်ရှုပ်နေတတ်တာ..!
ဒါမယ့် ဒီနေ့လို သားလေးမွေးနေ့မှာတော့ အတူရှိစေချင်မိသည်..။
ပေါင်ပေါ်မှာ ချိုကိုပိုင်းလေးထိုင်စားနေသောသားလေးကို ကြည့်မိတော့ ယုန်သွားလေးဖြင့် ရယ်ပြသည်..။
မောင်ဒီလို အလုပ်များနေပုံထောက် ဒီနေ့တော့ သားလေးမွေးနေ့ကို ပါးပါးတို့၂ယောက်ဘဲ ကျင်းပရတော့မယ်ထင်တယ် သားရယ်..!

"ထယ်ယောင်းရေ...
ငါတို့လာတယ်ဟေ့ "

အသံပေးပြ်ီး ဝင်လာကြသော ကျောင်းတုန်းကသူငယ်ချင်းများ..။လက်ထဲမှာလည်း သားအတွက် အရုပ်တွေထင် ဝယ်လာတာလည်းစုံလို့..!

"အို..ထယ်ဂွန်းလေးက မုန့်မုန့်တွေစားနေတာဘဲ ..။
ကျွေးပါဦး ဟင်..!"

ဂျီမင်းမှ သားလေးကို ကျီစယ်တော့ သားက သူ့မုန့်ပေးရမည်စိုးသဖြင့် အော်ငိုသည် ..။

"ဂျီဂျီက စတာပါကွာ..။လာ ဂျီဂျီက ထယ်ဂွန်းလေးအတွက် အရုပ်တွေဝယ်လာသေးတာ "

သားလေးကိုချီပြီး အရုပ်တွေဆီခေါ်သွားသော ဂျီမင်းကြောင့် ဒီမြင်ကွင်းလေးကိုထိုင်ကြည့်နေမိသည် ..။
ဂျီမင်းနေရာမှာ မောင်သာဆို ဘယ်လောက်ကောင်းမလဲ..။
သားလေးမွေးပြီးတာနဲ့ မောင်က အလုပ်မှအလုပ်ဖြစ်နေသောကြောင့် တစ်နှစ်ပြည့်ကလည်းအတူမကျင်းပရပါ..။

"ထယ်ယောင်း ..
မင်း အဆင်ပြေရဲ့လား..?"

သူငယ်ချင်းတွေအတွက် မုန့်ပြင်ပေးနေတုန်း ဝင်လာသော ဟိုဆော့ကြောင့် အတွေးကမ္ဘာထဲမှ ရုန်းထွက်ရသည်..။

𝐏𝐮𝐫𝐩𝐥𝐞 𝐓𝐡𝐞𝐨𝐫𝐲 || Oɴᴇ Sʜᴏᴛ ||Onde histórias criam vida. Descubra agora