𝑴𝒚𝒔𝒕𝒆𝒓𝒊𝒐𝒖𝒔

2.2K 251 22
                                    

[Unicode]

*ပထမဆုံး အနေနဲ့ ကျတော်အကြိုက်ဆုံး K dramaကားတစ်ကားကို Taekook အနေနဲ့အသက်သွင်းမှာဖြစ်ပါတယ် ။ ဒီကားလေးကို သိတယ့်သူတွေသိကြပါလိမ့်မယ် ။ မှီငြမ်းထားတာဖြစ်လို့ တစ်ထေရာတည်းတော့တူမှာမဟုတ်ပါဘူးနော် ။ ကဲ...အက်တော့ စီးမြောလိုက်ရအောင် *

___________________________________________________

အပေါ်အမဲ ၊ အောက်အမဲ ဝတ်ကာ စာအုပ်အမဲကိုင်ထားသူ သေမင်းတမန် ကင်မ်ထယ်ယောင်း ...။ စာအုပ်ထဲက နာမည်တွေအရ သေသည့်လူတွေကို ဘဝပြောင်းပေးရသည့် အလုပ်ကို လုပ်ရပေမယ့် သူသည် ဒီအလုပ်ကို သဘောကျပါသည်။ ကိုယ်ကိုယ်တိုင်လည်း လူအဖြစ်ကနေ သေဆုံးပြီး ဒီဘဝရောက်နေခြင်းပင် ။ သေမင်းတမန်တွေကို လူတွေ မမြင်နိုင်ပါ ။ သေဆုံးပြီးလူတွေသာ နောက်ဘဝကူးပြောင်းပေးသည့် သေမင်းတမန်တွေကိုမြင်ရသည် ။

ချွင်းချက်အနေနဲ့ လူသားကို အကြောင်းတစ်ခုခုကြောင့် ကယ်တင်မှသာ သေမင်းတမန်ကိုတွေ့ရမည်ဖြစ်သည် ။

စာအုပ်ထဲက အချက်ပြမှ အလုပ်လုပ်ရမည်ဖြစ်၍ အပေါ်စီးကမြင်ရသည့် ကျောင်းတစ်ခု၏ ခေါင်မိုးထပ်တွင် ထိုင်နေမိသည် ။

"ထယ်ယောင်း..!"

ဘွားခနဲပေါ်လာသော စီနီယာ ဒိုဝူးကြောင့် ခေါင်မိုးစပ်က ပြုတ်ကျမလိုဖြစ်သွားသည် ။ ဒီစီနီယာတော့ လန့်တတ်ပါသည်ဆိုမှ !

"စီနီယာရယ် ..အက်လို အလန့်တကြားမပေါ်လာပါနဲ့ဆိုမှ "

"မင်း ..ဒီမှာဘာလုပ်နေတာလဲ..?! အလုပ်မလုပ်ဘူးလား "

စာအုပ်က အချက်ပြမှ လုပ်စရာရှိတာဖြစ်၍ ..
အခုထိမှ အချက်မပြသေးရာ ဘာကို လုပ်ရမှာတုန်းလို့...ပြောချင်ပေမယ့် စီနီယာ ဒိုဝူးကို နည်းနည်းတော့ကြောက်ပါသည် ။

"ဟို..စာအုပ်ကအချက်မပြသေးလို့ အက်တာ ထိုင်စောင့်နေတာပါ"

"ပြီးရော..လူတွေနဲ့ ဝေးဝေးနေနော် ။ မင်းက အရမ်းကို ကူညီတတ်လွန်းလို့ ခက်နေတာ ။ ငါ့စာအုပ်က အချက်ပြပြီမို့ သွားတော့မယ် "

"ကောင်းကောင်းသွားပါ..စီနီယာ "

ထယ်ယောင်းသည် သေမင်းတမန်တွေထဲတွင် အရမ်းကူညီတတ်တဲ့ သေမင်းတမန်ဖြစ်သည် ။ လူတွေ အကူအညီလိုလျှင် ၊ ဒုက္ခရောက်နေလျှင် ကူညီတတ်လွန်းလို့ စီနီယာတွေမှ တားရစမြဲ။

𝐏𝐮𝐫𝐩𝐥𝐞 𝐓𝐡𝐞𝐨𝐫𝐲 || Oɴᴇ Sʜᴏᴛ ||Onde histórias criam vida. Descubra agora