𝐂𝐨𝐟𝐟𝐞𝐞

3.2K 300 2
                                    

[Unicode]

ဆိုင်ပေါက်ဝတွင်တပ်ထားသော ချုလုံးလေးမှ
လူဝင်လာပြီကို သတိပေးသည့်သဘောဖြင့်
မြည်လေသည် ..။ မိုးအေးအေး‌လေးဖြင့်
ကော်ဖီလေးသောက်ရသည့်ဖီလင်ကို နှစ်ကြိုက်
သည့်သူ့အဖို့ ကော်ဖီဆိုင်လေးကိုဖွင့်လှစ်ခဲ့ခြင်း
ဖြစ်သည် ...။ဧည့်သည်အမျိုးမျိုး၏အလေ့အကျင့် စရိုက်အမျိုးမျိုးကိုလည်း
‌နေ့တိုင်းတွေ့ရှိနေသည့်သူ့အဖို့ လူတွေအကြောင်း
ကိုလည်း သိလာပြီဖြစ်သည်..။

"အကိုထယ်...ကော်ဖီဖျော်တဲ့ အကိုဂျင်ဝူးက
ဒီ‌နေ့ကိတ်စလေးရှိလို့မလာဖြစ်ဘူးတဲ့ ။ အက်တာဘယ်လိုလုပ်ရမလဲဟင် "

ကိုယ်သည် ကော်ဖီဆိုင်ပိုင်ရှင်ဖြစ်‌‌သော်လည်းဆိုင်ကဝန်ထမ်းကောင်လေးများအပေါ်မှာ ညီအကိုလိုမျိုးသာဆက်ဆံသည်..။ ဒီနေ့ ကော်ဖီဖျော်သည့်ဂျင်ဝူးကမလာတော့ ဆန်းဟော့မှအခက်တွေ့နေခြင်း
ဖြစ်သည်..။ကိုယ်လည်းနည်းနည်းပါးပါးဖျော်တတ်သူဖြစ်သည့်အလျောက်..

"အော် အက်တာဆိုမပူနဲ့ အကိုဖျော်လိုက်မယ်.."

"ဖြစ်ပါ့မလား ..အကိုရယ်"

ဆန်းဟော့မှ စိတ်ပူပြနေတော့ ..
စိတ်မပူရန်ပြောကာ ကောင်တာမှ ထွက်ပြီး
ကော်ဖီဖျော်သည့်နေရာသို့ထွက်လာခဲ့သည်..။

ကော်ဖီဖျော်သည့်နေရာသည် ဆိုင်၏အလယ်တွင်
ထားရှိထားသောကြောင့် ဆိုင်ကိုရှင်းရှင်းလင်းလင်းမြင်ရသည် ..။

တစ်ချို့ဝါသနာပါသည့် ဧည့်သည်များသည်လည်းကိုယ်တိုင် ဖျော်သောက်လို့ ရသည့်စနစ်ပါ
သောကြောင့် Winter Bearဆိုသည့်ကော်ဖီဆိုင်လေးဟာဆိုရင် နာမည်တစ်ခုရနေသည့်ဆိုင်ပင်ဖြစ်သည်..။

"အကိုထယ်...black coffeeတစ်ခွက်ရယ်
Latte တစ်ခွက်အမှာရထားတယ်"

ဆန်းဟော့ပြောသောကြောင့် ကော်ဖီဖျော်ခြင်းကို
အာရုံစိုက်လိုက်သည်..။

"ဆန်းဟော့ရေ..
ရပြီနော် "

ကော်ဖီဖျော်လို့အပြီး ဆိုင်ကို မျက်လုံးကစားလိုက်တော့ နံပတ်၃ခုံမှာထိုင်နေသောလူတစ်ယောက်..။ ထိုခုံက ကျတော်အမြဲထိုင်နေသည့်ခုံဖြစ်သည့်အတွက် ထိုနေရာ‌လေးအကြောင်းကိုသိသည်..။

𝐏𝐮𝐫𝐩𝐥𝐞 𝐓𝐡𝐞𝐨𝐫𝐲 || Oɴᴇ Sʜᴏᴛ ||Unde poveștirile trăiesc. Descoperă acum