𝑾𝒊𝒔𝒉

1.9K 251 32
                                    

[Unicode]

"ကျတော်မောင့်ကိုချစ်တယ် ..မောင်ရော ကျတော့်ကို
ချစ်လား "

"မချစ်ဘူး "

အဖြေက၃လုံးတည်းကိုမှ တိုတိုလေးပါ ..။
ဒါမယ့် နှလုံးသားတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်
သွားကာ မျက်ရည်တစ်စက်ကလည်းပါးပြင်ကိုကျ
လာခဲ့သည် ။အစကတည်းက မနိုင်မှန်းသိတယ့်ဂိမ်း
ကိုဝင်ကစားမိပြီး အရှုံးကိုလက်မခံနိုင်တဲ့ကလေးတစ်
ယောက်လို တစ်လောကလုံးကြားအောင် ထိုင်ငိုပစ်ချင်
တော့သည် ။

"ကျတော်ကတော့ မောင့်ကိုအရမ်းချစ်တာ"

"မင်းချစ်ပေမယ့် ငါကတော့ မင်းကိုနည်းနည်းတောင်
ချစ်မရဘူး "

မေးလိုက်တိုင်းချစ်ရသူ၏ ‌နှုတ်မှထွက်လာသည့်စကား..
တစ်ခါတစ်လေလေးတော့ လိမ်ပြီးချစ်တယ်လို့ပြော
ပေးပါလား မောင်ရယ် ။

"ပြောစရာက ဒါဆို ငါဟန်နီနဲ့ချိန်းထားတယ် ၊အိမ်ပြန်နောက်
ကျမှာမို့ စောင့်‌မနေနဲ့ "

ပြောပြီးတာနဲ့ ထထွက်သွားသည့် မောင်..
ဟန်နီဆိုတဲ့ မောင့် ကောင်မလေးကို မုန်းလိုက်တာ..။

အစကတည်းက မောင့်အချစ်က ထယ်ယောင်းဆိုသည့်
ကောင်လေးအပေါ်မှာမှ မရှိခဲ့တာ ။ မောင်ကတော့ ဂိမ်း
ကြောင့် သူ့ကိုလက်ထပ်ခဲ့ပေမယ့် သူကတော့ ဂိမ်းကြောင့်
ပဲ မောင့်ကိုချစ်လာခဲ့ပြီး အပိုင်လိုချင်လာခဲ့တာ ။မောင့်
အချစ်တွေက မောင့်ကောင်မလေးဆီမှာ ကျတော့်အချစ်
တွေကတော့ မောင့်ဆီမှာ...။

.......

............

ဟိုအိမ်မှာ ‌မနေချင်တာနဲ့ထွက်လာခဲ့တာဟန်နီချိုဆိုသည့်‌
ချစ်သူဆီ ။

ကင်မ်ထယ်ယောင်းဆိုတဲ့တစ်ယောက်နဲ့ လက်ထပ်
ထားပေမယ့် ချစ်လို့ကိုမရ ။ယောင်္ကျားလေးချင်း
စိတ်မဝင်စားသည့် သူ့လိုလူကိုမှ ချောက်တွန်းကြ
သည့်သူငယ်ချင်းတွေကြောင့် ဂိမ်းဆော့ကာထိုတစ်
ယောက်ကိုလက်ထပ်ခဲ့ရသည် ။ လက်ထပ်တာ ၁နှစ်
သက်တမ်းရှိလာပေမယ့် ဂျောင်ကု ထယ်ယောင်းကို
ချစ်လို့မရပါ ။သူ့ရင်ထဲမှာ ဟန်နီချိုတစ်ယောက်သာရှိသည် ။

𝐏𝐮𝐫𝐩𝐥𝐞 𝐓𝐡𝐞𝐨𝐫𝐲 || Oɴᴇ Sʜᴏᴛ ||Where stories live. Discover now