𝑩𝒓𝒐𝒌𝒆𝒏

1.9K 240 26
                                    

[Unicode]

ပန်းခြံလေးထဲသို့ ပြေးလာသော ကောင်လေးတစ်ယောက်
နဖူးမှာ ချွေးတွေထွက်နေတာတောင် မသုတ်နိုင်ဘဲ သူ့ချစ်
သူလေးရှိရာဆီကို ပြေးလာနေသည် ။ လက်ထဲမှာကလည်း
ချစ်ရသူ အကြိုက် ကော်ဖီခါးခါး ခွက်ကိုလည်း မဖိတ်
အောင် ကိုင်လာသေး၏ ။ ထိုစဉ် စောင့်နေသည့် ခုံနား
ရောက်တော့ အကျီ ကို သေချာပြန်ပြင်ကာ ချစ်ရသူရှိရာ
ဆီ လျှောက်လာသည် ။

" ကိုကို .. စောင့်နေတာကြာပြီလားဟင်.. ထယ် ဆိုင်မှာ လူကျ
နေလို့ မနည်းပြောပြီးထွက်လာခဲ့တာရယ် ၊ ရော့ ကိုကို
ကြိုက်တယ့် ကော်ဖီလေး "

ဘူးလေးကိုကမ်းပေးတော့ ချစ်ရသူကိုကိုက ယူပြီး
တစ်ငုံသောက်ကာ ဘေးနားမှာ ချလိုက်သည်မို့ ထယ်ယောင်း
မှာ ဝမ်းနည်းသွားရသည် ။ သူ့ကိုကို ကို သောက်စေချင်လို့
ဖျော်လာသည့် ကော်ဖီကို ကုန်အောင်လည်းမသောက်သလို
ဘာမှလည်း မပြောသည်မို့ ထယ်ယောင်းဝမ်းနည်းသွား
ရသည် ။

" ချိန်းထားတယ့်အချိန်ဆို အမြဲနောက်ကျတယ် .. ငါမင်း
ကို တွေ့ချင်လို့ ဒီမှာ စောင့်နေရတာ ၊ နေကလည်းပူကပူ
နဲ့ မင်းကွာ "

" ကိုကိုရယ် .. ထယ်တောင်းပန်ပါတယ် ဆိုင်မှာက နေ့ခင်း
ဆို လူအရမ်းကျလို့ပါ ၊ သူငယ်ချင်းဆိုင်ဆိုပေမယ့်
ထယ်တန်းထွက်လာရင် မကောင်းဘူးလေ အက်တာကြောင့်
ပါ "

" ထားပါတော့ .. အခု ငါချိန်းထားတာရှိလို့သွားတော့မယ်
ဒီတစ်ပတ်လုံး ငါအိမ်မှာ ရှိမှာမဟုတ်ဘူး ၊ မင်းလာနေမှာ
စိုးလို့ ကြိုပြောတာ သွားပြီ "

ပြန်ပြောတာတောင်နားမထောင်ဘဲ ထွက်သွားသည့် ချစ်ရ
သူ ကျောပြင်အား ကြည့်ပြီး ထယ်ယောင်းမှာ မျက်ရည်
တွေကျလာရသည် ။ ချစ်ရသူထိုင်သွားသည့် ထိုင်ခုံ
လေးမှာ ထိုင်ပြီး ချစ်ရသူ နှုတ်ခမ်းလေးနှင့် ထိသွားသည့်
ကော်ဖီဘူးလေးအား နမ်းလိုက်သည် ။ ဒီလိုပါဘဲ ကင်မ်
ထယ်ယောင်းဆိုတဲ့ ကောင်လေးက ဂျွန်ဂျောင်ကုအပေါ်
မှာ အရမ်းကိုရူးနေသည်မို့ ။

အိမ်အပြန်လမ်းဟာလည်း ထင်သလောက်မလှပပေ ။
ကိုကိုနှင့် ထယ်ယောင်းတွဲသည်မှာ ၂နှစ်ရှိပြီဖြစ်သော်
လည်း public area မှာ လက်ချင်းတွဲမသွားဖူးသလို ၊
ကိုကို့ဘက်က သူ့အပေါ် ကြင်ကြင်နာနာလည်း မရှိခဲ့
ပေ ။ ကိုကို အလိုရှိရင် သူပြေးတွေ့ရသလို ၊ ကိုကိုအကူ
အညီတောင်းရင်လည်း ရောက်ရာအရပ်က အမြန်ပြေး
လာရသည် ။ ကိုကို့အနေနဲ့ ထယ်ယောင်းကို ချစ်တယ်
လို့ ပြောဖူးတာ စ‌တွဲတုန်းက တစ်ခါသာပြောဖူးသည် ။
အိမ်ချင်းကနီးပေမယ့် ကိုကိုသည် ထယ်ယောင်းထက်
ချမ်းသာသည် ။

𝐏𝐮𝐫𝐩𝐥𝐞 𝐓𝐡𝐞𝐨𝐫𝐲 || Oɴᴇ Sʜᴏᴛ ||Место, где живут истории. Откройте их для себя