𝐂𝐫𝐮𝐬𝐡

10.1K 561 16
                                    

[Unicode]

လူတိုင်း၏ဘဝတွင် အချစ်ဦးဆိုတာရှိကြသည်
မလား ။ အချစ်ဦးနှင့် ညားသည့်လူများရှိသလို
အချစ်ဦးနှင့် ကွေကွင်းရသောသူများလည်းရှိ
သည် ။ ဘဝမှာ ပထမ‌ဆုံးချစ်မိသည့်လူကို
အဆုံးရှုံးမခံနိုင်ဘဲ ကိုယ့်အပိုင်လုပ်ချင်သည်။
သို့ပေမယ့် သူ့မှာ ပိုင်ရှင်ရှိနေတာဖြစ်စေ ၊

ကိုယ့်ကို သတိမထားမိတာဖြစ်စေ ၊ အဆိုးဆုံး
ကိုယ့်ကို မကြိုက်တာဖြစ်စေ ခံစားရခက်လှသည်။
ကျတော်လည်း အချစ်ဆိုတာကို ခံစားမိသည့်
အချိန်မှာ အချစ်ဦးလေးအဖြစ် စ‌တင်တွေ့ရှိခဲ့
သည့်သူကား ဂျွန်ဂျောင်ကုဆိုသည့် ကျတော်
တို့ကျောင်းက ပင်ဖြစ်သည် ။ ကျတော်နှင့်
ကျတော့် crushမှာ အခန်းမတူပါ ။

ဘယ်လိုစကြိုက်ဖြစ်လည်းဆိုရင်တော့ မုန့်
စားဆင်းသည့်အချိန် ကန်တင်းကိုသွားရာမှ
သူငယ်ချင်းများနှင့် ဝိုင်းဖွဲ့စကားပြောနေသည့်
ဂျောင်ကုကိုတွေ့ရှိခဲ့ခြင်း ။ပုံမှန်ဆို ကျတော်
သည် အစားလောက်ဘာကိုမှ ဂရုမစိုက်။
သို့သော် အဲ့နေ့က မြင်ကွင်းလေးကိုတော့
ဂရုစိုက်မိခဲ့သည် ။

သူငယ်ချင်းများနှင့်စကားပြော၍ သဘော
ကျနေသောကြောင့် ရယ်လိုက်စဉ် ပေါ်
ထွက်လာသည့်ယုန်သွားလေး ။ ထို‌့နောက်
အပြုအမူတစ်ခုချင်းစီကို ခိုးကြည့်မိခဲ့သည် ။
ပေါ်တင်တော့မကြည့်ရဲပါ ။ ထိုနေ့ကစ ကျတော့်
၏အချစ်ဦး တစ်နည်း crushအဖြစ် စတင်ချစ်
မိခဲ့တော့သည် ။

"ဟျောင့် မှိုင်လိုက်ချည်လား ??
ဘာလည်း မင်းcrush ကောင်မလေးရသွားလို့လား"

ပက်ခ်ဂျီမင်းဆိုသည့်ကျတော့်သူငယ်ချင်း
လေးမှာ မိုတီဘယ်လောက်ကြမ်းလည်းမေး။

"မင်းကွာ ~
အပြောင်သဘောနဲ့တောင် ငါ့ကိုအက်လိုမပြော
စမ်းပါနဲ့ကွာ ။ ငါမခံစားနိုင်ဘူး ။မင်းသိတဲ့ အတိုင်း
သူက စော်ကြည်ဘဲလေး ‌တွဲချင်တဲ့သူတွေပေါတောနေတာပဲ ။ငါ့မှာဘယ်အချိန် အသည်းကွဲမလဲ ထိုင်စောင့်နေရတဲ့ကြားထဲ မင်းကပါ ဒီလိုပြောတော့ ငိုချင်လာပီကွာ "

"ငါတောင်းပန်ပါတယ်ကွာ ~~မင်းက မင်း
Crushနဲ့ပက်သတ်ရင် ဆက်ဆက်ထိမခံဆိုတာ
ငါမေ့သွားတယ် ။ ကဲပါ ပိတ်ရက်လေးကို မင်း
Crushကို ခနမေ့ထားလိုက် ။ငါတို့ ဂိမ်းသွား
ဆော့ရအောင်လေ "

𝐏𝐮𝐫𝐩𝐥𝐞 𝐓𝐡𝐞𝐨𝐫𝐲 || Oɴᴇ Sʜᴏᴛ ||Onde histórias criam vida. Descubra agora