Unicode
"ဝေခွဲမရတယ့်ခံစားချင်များ"
နံနက်စောစောအေးမြလှသောလေပြေလေညင်းများတိုက်နေသောသာယာလှသည့်နေ့ရက်လေးတစ်ရက်ဖြစ်သည်။
ကြည်လင်ပျက်သား၍ယောက်ျားပီသလှသောမျက်နှာတစ်ခုပေါ်သို့နေရောင်ခြည်များကျရောက်လာပုံကား
ကောင်လေးတစ်ယောက်အဖို့ရင်ခုန်စရာအခိုက်အတန့်လေးဖြစ်မိစေသည်။"ကိုကို ဒီနေ့အရမ်းချောနေတယ်သလား ဟီးဟီး"
"ဒီကောင်လေးကြည့်စမ်း စကားတွေတတ်လာလိုက်တာနော်။အဲဒါကြောင့်ချစ်နေရတာ။"
"ဒီကလည်းကိုကို့ကိုအဲလောက်ချောနေလို့ချစ်နေရတာပါဗျ။"
ကောင်လေး ၂ယောက်တစ်ယောက်ကိုတစ်ယောက်စနောက်ကာပြုံးပျော်နေကြသည်။
ယောက်ျားချင်းကြီးတွေလား
ဘာကြီးတွေလည်း
မရှက်ကြဘူးလား
ဘယ်လိုခံယူချက်တွေလည်းမသိဘူးကွာ...!ကောင်လေးနှစ်ယောက်...
တစ်ယောက်ကတစ်ယောက်ရဲ့ခါးကိုဖက်ခါမျက်နှာမှာအပြုံးကိုယ်စီနဲ့လျှောက်သွားပုံကိုကြည့်၍အတွေးထဲတွင်ပြောမိလိုက်သည်သူစဥ်းစားနေပုံကိုသိသည့် Jin Hyungက..
"လန့်နေတာလား။""အာ ဘယ်ကသာလန့်ရမှာလည်းရွံလို့ပါ။ယောက်ျားချင်းတွေကိုရင်ခုန်တဲ့သူကိုအံ့ဩပါတယ်လေ။"
"သူများတွေကိုလက်လွတ်စပယ်အဲလိုတော့မပြောသင့်ဘူးထင်တယ်နော်။မင်းလည်းတစ်နေ့အဲလိုချစ်ကြိုက်လာမိရင်ဘယ်လိုလုပ်မလဲ။"
"တော်စမ်းပါhyungရာ။ယောက်ျားချင်းမပြောနဲ့မိန်းကလေးတွေကိုတောင်စိတ်ကုန်နေတာကို။"
"အေးပါကွာ။ကြည့်ကြသေးတာပေါ့လေ။"
Jungkook တစ်ယောက်မျက်ခုံးကိုသာပင့်ပြလိုက်ပြီးသောက်နေလက်စBananaMilkကိုဆက်သောက်၍သင်တန်းသွားရာလမ်းမကြီးအတိုင်းဝင်လာလိုက်သည်။
တစ်ယောက်နှင့်တစ်ယောက်စနောက်ရင်းJin နဲ့ Jungkook သင်တန်းအခန်းထဲပြန်၀င်လာကြသည်။
YOU ARE READING
Better With You
Fanfictionငါမင်းကိုချစ်တယ်။ မင်းမုန်းနေပေမယ့်ငါကတော့မင်းကိုချစ်နေအုန်းမှာဘဲ။ ဒါပေမယ့်မင်းပင်ပန်းလှတယ်ဆိုရင်တော့ငါထွက်သွားပေးပါ့မယ်။ -Park Jimin ကျွန်တော့်ကိုကျွန်တော့်မသိဘူး Hyung။ ကျွန်တော်Hyung ကိုချစ်နေတာလား သံယောဇဥ်တွယ်နေတာလားဆိုတာကိုကျွန်တော်မသိဘူး Hyung...