Chapter 8 - ကျွန်တော်Hyung ရဲ့ခံစားချက်ကိုသိပြီ

611 56 5
                                    

Unicode

"ကျွန်တော် Hyung ရဲ့ခံစားချက်ကိုသိပြီ"

ကျွန်တော်ဆင်းရုံစတက်တယ့်နေ့ကတည်းက Jungkook ကိုမတွေ့ဖြစ်တော့ဘူး။
Tae ဘဲအမြဲအနားမှာရှိနေတယ်။

"Tae "

ပန်းသီးခွဲနေရာမှJimin ခေါ်ရာသို့လှမ်းကြည့်ရင်း

"အွန်းပြော"

"ဟိုလေ Jungkook ငါ့ကိုမေးလား။"

ပန်းသီးလှီးနေသည့်လက်မှာရပ်တန့်သွားပြီး

"မေးတယ်။ မင်းသူ့ကိုလက်လွှတ်ပြီထင်နေတာ။ အခုထိမမေ့နိုင်သေးဘူးလား။"

မေးတယ်တယ့်လား
ငါကိုတော့စိတ်ပူပေးသားဘဲ။

"မင်းရော Hobi hyung ကိုတစ်ရက်လောက်မေ့ထားဘူးလား။ အချိန်အတူတူအကြာကြီးကုန်ဆုံးထားတယ့်လူတစ်ယောက်ကို ခဏတာအချိန်အတောအတွင်းမေ့လို့မရဘူး Tae။"

"ဘာကိစ္စနဲ့ Hyung ကပါလာတာလဲ။"

"Hyung မနေ့ကငါ့ကိုလာတွေ့သွားတယ်။"

"ဘာ ။ သူဘယ်ချိန်ကပြန်ရောက်နေတာလဲ။ ပြီးတော့ငါ့ကိုဘာလို့မဆက်သွယ်တာလဲ။ ငါမျှော်နေလို့တော့မဟုတ်ဘူးနော်။ "

"အမလေးမမျှော်လို့ဘဲ။ မျှော်သာနေရင်တော့ Tae ဆိုတယ့်ကောင်လေးက အမေရိက အထိလိုက်သွားမလားမသိဘူး။ "

"မင်းကိုသူဘာလာပြောတာလဲ။"

"မင်းဘာလို့ငါ့ကိုအသုံးချလိုက်တာလဲ Tae ။ မင်းကို Hyung ကဘယ်လောက်တောင်မြတ်နိုးလည်းဆိုတာမင်းလည်းသိတယ်။ ဘာလို့လဲ Taeyung "

Jimin သိသွားခဲ့ပြီလေ။

"တောင်းပန်ပါတယ်Jimin ရာ။ တကယ်တော့ငါမင်းကိုHobi hyung နဲ့ဝေးနေချိန်မှာခံစားချက်တွေရှုပ်ထွေးခဲ့ဘူးတယ်။ ငါ့အတွက် မင်းသာ Jungkook နဲ့ချစ်ကြိုက်သွားရင်ငါတို့ရဲ့ ခင်မင်မှုမှာစိမ်းကားသွားမလားဆိုတာကိုကြောက်မိတယ်။ ငါအထီးကျန်နေချိန်မှာမင်းကငါ့ဖို့အမြဲရှိနေပေးတယ့်အတွက်တစ်ချိန်ချိန်မှာငါ့အနားထွက်သွားမှာကိုကြောက်နေမိတယ်။ ဒီခံစားချက်တွေကို မင်းကိုချစ်နေတယ်ငါထင်နေခဲ့မိတယ်။ ငါတောင်းပန်ပါတယ် မင်းကို Jungkook အနားကနေမရရအောင် ခွဲထုတ်ချင်ခဲ့တယ့်ငါ့ကိုခွင့်လွှတ်ပါ "

Better With YouOù les histoires vivent. Découvrez maintenant