Chapter 1- ဝေခွဲမရတယ့်ခံစားချက်များ

2.1K 114 0
                                    

Unicode

"ဝေခွဲမရတယ့်ခံစားချင်များ"

နံနက်​စော​စော​အေးမြ​လှ​သော​လေ​​ပြေ​လေညင်းများတိုက်​နေ​သောသာယာလှသည့်​နေ့ရက်​လေးတစ်ရက်ဖြစ်သည်။

ကြည်လင်ပျက်သား၍​​ယောက်ျားပီသလှ​သောမျက်နှာတစ်ခု​ပေါ်သို့​နေ​ရောင်ခြည်များကျ​ရောက်လာပုံကား
​ကောင်​လေးတစ်​ယောက်အဖို့ရင်ခုန်စရာအခိုက်အတန့်​လေးဖြစ်မိ​စေသည်။

"ကိုကို ဒီ​နေ့အရမ်း​ချော​နေတယ်သလား ဟီးဟီး"

"ဒီ​ကောင်​လေးကြည့်စမ်း စကား​တွေတတ်လာလိုက်တာ​နော်။အဲဒါ​ကြောင့်ချစ်​နေရတာ။"

"ဒီကလည်းကိုကို့ကိုအဲ​လောက်​ချော​နေလို့ချစ်​နေရတာပါဗျ။"

​ကောင်​လေး ၂​ယောက်တစ်​ယောက်ကိုတစ်​ယောက်စ​နောက်ကာပြုံး​ပျော်​နေကြသည်။

ယောက်ျားချင်းကြီး​တွေလား
ဘာကြီး​တွေလည်း
မရှက်ကြဘူးလား
ဘယ်လိုခံယူချက်​တွေလည်းမသိဘူးကွာ...!

​ကောင်​လေးနှစ်​ယောက်...
တစ်​ယောက်ကတစ်​ယောက်ရဲ့ခါးကိုဖက်ခါမျက်နှာမှာအပြုံးကိုယ်စီနဲ့လျှောက်သွားပုံကိုကြည့်၍အ​တွေးထဲတွင်​ပြောမိလိုက်သည်

သူစဥ်းစား​နေပုံကိုသိသည့် Jin Hyungက..
"လန့်​နေတာလား။"

"အာ ဘယ်ကသာလန့်ရမှာလည်းရွံလို့ပါ။ယောက်ျားချင်းတွေကိုရင်ခုန်တဲ့သူကိုအံ့ဩပါတယ်​လေ။"

"သူများ​​တွေကိုလက်လွတ်စပယ်အဲလို​တော့မ​ပြောသင့်ဘူးထင်တယ်​နော်။မင်းလည်းတစ်​နေ့အဲလိုချစ်ကြိုက်လာမိရင်ဘယ်လိုလုပ်မလဲ။"

"တော်စမ်းပါhyungရာ။ယောက်ျားချင်းမ​ပြောနဲ့မိန်းက​​လေး​တွေကို​တောင်စိတ်ကုန်​နေတာကို။"

"အေးပါကွာ။ကြည့်ကြ​သေးတာ​ပေါ့​လေ။"

Jungkook တစ်​ယောက်မျက်ခုံးကိုသာပင့်ပြလိုက်ပြီး​သောက်​နေလက်စ​BananaMilkကိုဆက်​​သောက်၍သင်တန်းသွားရာလမ်း​မကြီးအတိုင်းဝင်လာလိုက်သည်။

တစ်​ယောက်နှင့်တစ်​ယောက်စ​နောက်ရင်း​Jin နဲ့ Jungkook သင်တန်းအခန်းထဲပြန်၀င်လာကြသည်။

Better With YouKde žijí příběhy. Začni objevovat