Unicode
"ကျွန်တော်တို့နှစ်ယောက်ဝေးခဲ့ရပြီ"
ကျွန်တော်တို့နှစ်ယောက်ရဲ့ခင်မင်မှုကကြာရှည်မခံခဲ့ပါဘူး
ကျွန်တော်တို့ရဲ့ ခင်မင်မှုကို ကျွန်တော်ရပ်တန့်ပစ်ရမယ့်အချိန်ကိုမရောက်ချင်သော်လည်းကျရောက်ခဲ့ရတယ်။ထိုနေ့ကမိုးတွေအရမ်းရွာနေခဲ့သည်။
ကျွန်တော်တို့နှစ်ယောက်ညဥ့်နက်တယ့်အထိအက လေ့ကျင့်ခဲ့ကြတယ်။"ဟာ အပြင်မှာမိုးတွေရွာနေတယ်။ သီချင်းသံကကျယ်နေတာနဲ့မိုးသံကိုမကြားလိုက်ဘူး။ အခုဘယ်လိုလုပ်မလဲ kook ရေ။ "
Jimin ၏အမေးကိုချွေးသုတ်နေရင်းနဲ့
"မိုးတိတ်တယ့်အထိစောင့်ကြမယ်လေ။"
"သဘော။"
နှစ်ယောက်အတူမိုးတိတ်တယ့်အထိစောင့်ရင်းစကားများပြောဖြစ်ကြသည်။
"Hyung တို့နားရက်ရရင် kook နဲ့နှစ်ယောက်တည်းပင်လယ်ကိုသွားချင်တယ်။"
"ကျွန်တော်ကJinhyung နဲ့သွားမယ်လို့စီစဥ်ထားတာ။ "
"Jimin တို့များသနားပါတယ်။ အစီစဥ်ရှိပြီးသားသူကိုများသွားပြီးမေးရတယ်လို့ ငတုံးကောင်။"
ပွစိပွစိလေးပြောပြီးကိုယ့်ကိုယ်ကိုယ်ပြန်ပြောနေသော Jimin ကိုကြည့်ပြီး Jungkook တစ်ယောက်ပြုံးမိလိုက်သည်။
"ချစ်တယ်။"
"ဗျာ။"
ပြုံးနေသည့် Jungkook ကိုရုတ်တရက်ဆိုသလိုပြောလာသောJimin ၏စကားတစ်ခွန်းကြောင့် Jungkook ၏ခန္ဓာကိုယ်နှင့်စိတ်ကို ထူပူသွားစေသည်။
အပြုံးတို့မှာပျောက်ကွယ်သွားသည်။
မျက်မှောင်ကိုကျုံ့မိလိုက်သည်။"Hyung ကိုယ့်ကိုယ်ကိုယ်မပြောမိဖို့ထိန်းထားပါသေးတယ်ဒါပေမယ့် မင်းရဲ့အပြုံးတွေ မင်း hyung ကိုရင်းရင်းနှီးနှီးပြောနေတာတွေက hyung ကိုအထိန်းအကွပ်မဲ့စေတယ်။"
"နေပါအုံးဗျာ။ ကျွန်တော်နားမလည်တော့ဘူး။"
"Hyung မင်းကိုချစ်တယ်။ ညီတစ်ယောက်ထပ်ပိုတယ့်အချစ်။ မသန့်ရှင်းတယ့်အချစ်တွေ။ ကောင်လေးတစ်ယောက်ကိုကောင်မလေးတစ်ယောက်ကချစ်တယ့်အချစ်မျိုးနဲ့ချစ်တယ်။ မင်း hyung ကိုလက်မခံလည်းရတယ်။ မင်းအတွက်အချိန်လိုမယ်ဆိုတာhyung သိတယ်။ hyung နားလည်တယ်။ ဒါပေမယ့်မင်း hyung အနားကထွက်သွားမှာကို hyung သိပ်ကြောက်တယ် ။ မင်းhyung ကြောင့် ခံစားသွားရမှာမျိုးကိုကြောက်တယ်။ hyung ကိုပစ်ထားသွားမှာကိုကြောက်တယ်။"
YOU ARE READING
Better With You
Fanfictionငါမင်းကိုချစ်တယ်။ မင်းမုန်းနေပေမယ့်ငါကတော့မင်းကိုချစ်နေအုန်းမှာဘဲ။ ဒါပေမယ့်မင်းပင်ပန်းလှတယ်ဆိုရင်တော့ငါထွက်သွားပေးပါ့မယ်။ -Park Jimin ကျွန်တော့်ကိုကျွန်တော့်မသိဘူး Hyung။ ကျွန်တော်Hyung ကိုချစ်နေတာလား သံယောဇဥ်တွယ်နေတာလားဆိုတာကိုကျွန်တော်မသိဘူး Hyung...