Unicode
"သူကျွန်တော့်ကိုမုန်းသွားပြီ"
ဦးနှောက်ကနေထိန်းချုပ်မှုတွေမရှိတော့ဘဲJimin Hyung ကိုခေါ်သွားသောဆေးရုံသို့ Taxi ငှားပြီးလိုက်သွားရာ.....
အရေးပေါ်အခန်းအ၀မှာTae hyung...
"Tae hyung...!!""မင်းကိုမလိုက်လာနဲ့လို့ငါပြောထားတယ်လေ..!!"
"ဘာလို့အော်နေတာလည်းစိတ်ပူလို့လိုက်လာတာကို။Hyung ကဘာတွေဖြစ်နေတာလည်း..။"
"ဟွန်း...."
Tae တစ်ယောက်သက်ပြင်းချလိုက်သည်။"အေးကွာ..။ငါသူ့အတွက်စိတ်ပူသွားလို့ပါ။"
"လူနာစောင့်တွေမလား။လူနာကအပြင်းဖျားတာဗျ..။အားပျက်ပြီးသတိလစ်သွားတာ။stress တွေလည်းများနေတယ်ထင်တယ်။သေချာလေးဂရုစိုက်ပေးလိုက်ပါ..ဆေးရုံမှာ၂ရက်လောက်တက်ပြီးရင်တော့ဆင်းလို့ရပါပြီ။"
"အခုဝင်သွားလို့ရပြီလားဗျ?"
Jungkook အလျင်အမြန်မေးလိုက်သည်။
Hyung ကိုတွေ့ရဖို့အရေးကြီးတယ်...။"ဪရတယ်ရတယ်...။"
Doctor ပြောလို့မဆုံးခင်မှာဘဲ Jungkook တစ်ယောက်အခန်းထဲကိုဝင်သွားလိုက်သည်....။
အိမ်ယာပေါ်မှာငြိမ်ငြိမ်လေးအိပ်စက်နေတဲ့ကောင်လေး...
Jiminie Hyung...ခန္ဓာကိုယ်အားမရှိတဲ့အပြင်ပျော့ခွေနေလို့ဆေးပါသွင်းထားရတယ်..
အသားရေတွေလည်းဖြူဖက်ဖြူရော်နဲ့ဖြစ်နေပေမယ့်ဆွဲဆောင်မှုရှိတဲ့လည်တိုင်တစ်ခုနဲ့.....
နှုတ်ခမ်း....အဟမ်းး....
နှုတ်ခမ်းတစ်စုံကမြင်ခဲ့ဖူးသမျှမိန်းကလေးတွေမှာတောင်မရှိဘဲနှုတ်ခမ်းဖူးဖူးလေးတွေ...
အင်အားမရှိလို့အရောင်ဖျော့နေပေမဲ့စွဲမက်စရာကောင်းနေတုန်း......။Jungkook တစ်ယောက်အိပ်ယာမှာလဲနေတဲ့ hyung ကိုမြင်ရသည်မှာစိတ်မကောင်းတော့ဖြစ်မိသည်...
သူ့ကို Jin hyung ထက်ပင်ဂရုစိုက်လွန်းသည့် hyungတစ်ယောက်အိပ်ယာမှာလဲနေသည်ရင်နာမိသည်...။"အွန်း....."
"သတိရလာပြီလား..Jimin။"
"ငါဘယ်ရောက်နေတာလည်း။"
YOU ARE READING
Better With You
Fanfictionငါမင်းကိုချစ်တယ်။ မင်းမုန်းနေပေမယ့်ငါကတော့မင်းကိုချစ်နေအုန်းမှာဘဲ။ ဒါပေမယ့်မင်းပင်ပန်းလှတယ်ဆိုရင်တော့ငါထွက်သွားပေးပါ့မယ်။ -Park Jimin ကျွန်တော့်ကိုကျွန်တော့်မသိဘူး Hyung။ ကျွန်တော်Hyung ကိုချစ်နေတာလား သံယောဇဥ်တွယ်နေတာလားဆိုတာကိုကျွန်တော်မသိဘူး Hyung...