Unicode
ညအချိန်အခါဖြစ်သောကြောင့်ကောင်းကင်ယံမှာရှိနေသောလမင်းကြီးမှာလည်းထိန်လင်းနေသည်။ သူနှင့်အတူအပြိုင်အဆိုင်လင်းလက်နေသောကြယ်အဖော်တို့မှာလည်းထိုညကိုပို၍ပို၍လှပစေသည်။
ကောင်းကင်ယံတစ်ခုတည်း၏အောက်တွင်အတူရှိနေသောလူသားလေးနှစ်ယောက်မှာတစ်ယောက်လက်ကိုတစ်ယောက်တွဲကာသဲသောင်ပြင်ပေါ်တွေလျှောက်လှမ်းနေကြသည်။
လမ်းအတူလျှောက်နေရာမှရပ်တန့်သွားသောခြေတစ်စုံကြောင့်လှည့်ကြည့်လာသော Jimin ။
"Kook ဘာဖြစ်လို့လဲ"
တွဲထားသည့်လက်ကိုစိုက်ကြည့်နေသည်။
"လက်မတွဲချင်လို့လားkook"
" မဟုတ်ဘူး"
သူမြတ်နိုးရသူလေးကိုမညိုညင်စေချင်ဘူးရယ်။ ထို့နောက်ဆက်၍ပြောသည်။"ကျွန်တော်အိမ်မက်မက်နေသလိုဘဲ။ကျွန်တော်ချစ်ရတယ့်သူတစ်ယောက်ရဲ့လက်ကိုဆုပ်ကိုင်ပြီးသူ့ကိုအမြတ်တနိုးချစ်ပြရမယ်လို့အိမ်မက်တောင်မမက်ခဲ့ဖူးဘူး"
"kook ရယ်။ Hyung လည်းအိမ်မက်ထဲမှာတောင် kook ကိုပိုင်ဆိုင်ရမယ်လို့မတွေးခဲ့ဖူးဘူး။ အခုမင်းနဲ့အတူရှိနေတာကအိမ်မက်ဆိုရင်တောင်ပြန်ပြီးမနိုးထချင်ဘူး"
"Hyung ကိုကျွန်တော်အရမ်းချစ်မိနေပြီသလား"
"မသိဘူး"
ဆူပုတ်ပုတ်လေးပြော၏။"သက်သေပြရမလား။"ဆိုပြီးမျက်နှာအနားလေးကိုကပ်ပြော၏။
"ပြ"
ပြုံး၏။
ကျွန်တော်ပိုင်ဆိုင်လိုက်ရတယ့် Hyung ကိုကမ္ဘာပေါ်ကဘယ်သူမှလိုက်မမှီတယ့်လှပမှုတွေနဲ့ပြည့်နေတာလေ..။မျက်နှာနားလေးကပ်လိုက်ပြီးအနမ်းလေးတစ်ပွင့်ပေးလိုက်သည်။
"ယုံပြီလား။"
"ဒီတစ်ခေါက်တော့ယုံပေးမယ်"
"အဲဒါဆိုပြန်မယ်။လာ"
ဆုပ်ကိုင်ထားသည့်လက်ကိုပိုတင်းလိုက်ကာလမ်းအတူလျှောက်ကြသည်။
ဤကဲ့သို့ပြုံးရွှင်နေသည့်မျက်နှာလေးများကိုမှတ်တမ်းတင်ထားမိချင်ပါသေးသည်။
VOCÊ ESTÁ LENDO
Better With You
Fanficငါမင်းကိုချစ်တယ်။ မင်းမုန်းနေပေမယ့်ငါကတော့မင်းကိုချစ်နေအုန်းမှာဘဲ။ ဒါပေမယ့်မင်းပင်ပန်းလှတယ်ဆိုရင်တော့ငါထွက်သွားပေးပါ့မယ်။ -Park Jimin ကျွန်တော့်ကိုကျွန်တော့်မသိဘူး Hyung။ ကျွန်တော်Hyung ကိုချစ်နေတာလား သံယောဇဥ်တွယ်နေတာလားဆိုတာကိုကျွန်တော်မသိဘူး Hyung...