Unicode
"ချစ်တယ်"
မိုးသားကောင်းကင်မှာလှပသောနေ့တစ်နေ့ဖြစ်မည်ဟုဖော်ပြနေပုံရသည်။
ဖန်သားပြင်နောက်ကွယ်မှာပြေးလွှားနေသောပုံရိပ်တို့မှာလည်းရွေ့လျားကာတစ်ချက်တစ်ချက်ပျောက်ကွယ်သွားကြသည်။ညနေစောင်းလာ၍အနားယူတော့မည့်နေမင်းကြီးမှာလည်းနှုတ်ဆတ်ထွက်ထွက်ခွာနေပြီဖြစ်သည်။လမ်းအကွေ့လေးကိုချိုးကွေ့သွားပြီးနောက်ကျယ်ပြင်လှသောကားပါကင်တွင်ရပ်နားလိုက်သည့်ကားပေါ်မှတစ်ယောက်ချင်းဆီဆင်းလာကြသည်။ ထို့နောက်မိမိအထုပ်အပိုးကိုမိမိသယ်ကာဧည့်ကြိုဌာနထဲသို့ဝင်လာကြသည်။
"Jimin"
"Tae "
ကြိုရောက်နေပြီဖြစ်သောTae ကိုမြင်သည်နှင့် Jungkook အနားမှပြေးထွက်လာကာTae ကိုပြေးဖက်တော့သည်။
"မင်းတို့အစောကြီးရောက်နေတာဘဲ"
"ဟုတ်တယ်။Hyung ကိုနားပြီးမောင်းဆိုတာကိုမနားဘဲမောင်းလာတာလေ။"
"Hyung ရော။"
"အခန်းငှားနေတယ်"
"ဪ။နှစ်ယောက်သားအခြေအနေဘယ်လိုလဲ"
"ပြောစရာမလိုအောင်အဆင်ပြေ၏။ အယ် သူများကိုလာမေးနေတာ။ မင်းကရော။ ဘယ်လိုဖြစ်လို Jungkook နဲ့ဖြစ်နေတာလဲ"
"Taemin ကမလိုက်လို့လေ"
"ဘာလို့မလိုက်တာလဲတယ့်"
"အရေးကြီးကိစ္စရှိလို့တယ့်"
အနားသို့ရုတ်တရက်ရောက်လာကာပြောသောJungkook ကြောင့်နှစ်ယောက်သားလန့်သွားကြသည်။"Jimin အဆင်ပြေရဲ့လား"
"ပြေပါတယ်။ မပြင်တာJungkook ဖြစ်မယ်"
"ကျွန်တော်ကဘာကိုမပြေရမှာလဲ Hyung ရဲ့"
"ငါနဲ့အတူရှိနေရလို့လေ။"
"Hyung ကျွန်တော်ကလေ..."
"ကဲအခန်းတွေခွဲမယ်။"
ခရီးစီစဥ်ပေးသောသူ၏စကားဖြတ်ပြောမှုကြောင့်ရှင်းပြခွင့်လေးတောင်မရလိုက်ချေ။"ကိုယ်အိပ်ချင်တယ့်သူနဲ့နှစ်ယောက်တစ်ခန်းနေလို့ရမယ်။အခုကရုံးပိတ်ရက်ဆိုတော့အခန်းတွေကပြည့်နေပေမယ့်နှစ်ယောက်တစ်ခန်းတော့ရအောင်စီစဥ်ပေးထားတယ်။ နှစ်တွဲကတော့ကံဆိုးစွာနဲ့နှစ်ယောက်အိပ်တစ်ကုတင်တည်းပါတာနဲ့အိပ်ရမယ်။အယ်ဒီတော့မျှတသွားအောင်မဲနိုက်ခိုင်းမယ်နော်။"
YOU ARE READING
Better With You
Fanfictionငါမင်းကိုချစ်တယ်။ မင်းမုန်းနေပေမယ့်ငါကတော့မင်းကိုချစ်နေအုန်းမှာဘဲ။ ဒါပေမယ့်မင်းပင်ပန်းလှတယ်ဆိုရင်တော့ငါထွက်သွားပေးပါ့မယ်။ -Park Jimin ကျွန်တော့်ကိုကျွန်တော့်မသိဘူး Hyung။ ကျွန်တော်Hyung ကိုချစ်နေတာလား သံယောဇဥ်တွယ်နေတာလားဆိုတာကိုကျွန်တော်မသိဘူး Hyung...