ဇာတ်လမ်းအဆုံးက Author Note ကိုမဖြစ်မနေဖတ်စေချင်ပါတယ်။ ဖတ်ပေးရင်အရမ်းချစ်ပါ့မယ်။ 🤗
Unicode
"ကျွန်တော်တို့ရဲ့တွေ့ဆုံမှု"
"Jimin ah ငါတို့ ဆိုလ်းကိုဘယ်လောက်ပြန်မှာလည်း"
"Kim Taeyungshi မသိရင်မင်းကဆိုလ်းမှာကောင်မလေးရှိတဲ့အတိုင်းဘဲ။တစ်ချိန်လုံးပြန်မယ်ဘဲအော်နေတယ်။"
"အော်ချင်လွန်းလို့တော့မဟုတ်ဘူးနော်။မင်းအမေကငါ့ကိုမြင်ရင်သတ်မှာဟ"
"သိပါတယ်။ငါရှိနေသရွေ့မင်းဘာမှမဖြစ်ဘူးစိတ်ချ"
"အမှန်တကယ်ဆိုရင်လေငါအပြစ်မကင်းသလိုခံစားရတယ်သလား"
"ဘာမှခံစားမနေပါနဲ့ဟာ..ငါကဝါသနာပါလို့လုပ်တာလေ။ငါကသူတို့လုပ်ငန်းမှာမှစိတ်မဝင်စားတာကိုးး။အာပါးကတော့အားပေးပေမယ့်အိုမားကစည်းကမ်းကြီးနေတာကိုး"
"အခုမင်းမလုပ်ဘူးတဲ့အလုပ်တွေတောင်လုပ်ပြီးပိုက်ဆံရှာနေရတယ်မလား"
"ဟာ..မပင်ပန်းပါဘူးကွာ။အခုမှငါလောကကြီးအကြောင်းသိလာရတာ"
"ငါ့အမြင်မှာတော့လေသူဌေးသားလေးကအခုတော့ငမွဲလေးဖြစ်နေတာဘဲမြင်တယ်..ဟားဟား"
"ခုဏကရုပ်နဲ့ အခုသူများကိုလိုက်ပြောနေတဲ့ရုပ်နဲ့ကြည့်စမ်း..ဟွန်းပြောကိုမပြောချင်ဘူး"
"ဟိတ်..ဟိုမှာကြည့်အုန်း နယူးဘရမ်းလေးတွေကွ။ အခုမှform တင်လာတာထင်တယ်နော်။ အဲဒီလွယ်အိတ်တောင်ငါ့မှာမရှိတော့ဘူး။ ကြိုးပျက်သွားလို့..ဟိဟိ"
၂ ဝိုင်းကျော်လောက်မှာပလက်စတစ်အိတ်ထဲမှ BH Art Center ဆိုတဲ့တံဆိပ်နဲ့ကျောပိုးအိတ်ကိုထုတ်ကြည့်နေကြသောကောင်လေး ၂ယောက်ကိုလှမ်းမြင်နေရသည်။
ကောင်လေးတစ်ယောက်...
ယောင်္ကျားပီသလှသောနှာတံဆင်းဆင်းလေးနှင့်ရယ်လိုက်တိုင်းမထင်မရှားပေါ်နေသည့်ပါးချိုင့်လေးတွေကိုတွေ့နိုင်သည်..
နက်မှောင်လှသောဆံသားတို့မှာနှဖူးပြင်တစ်ခုလုံးကိုဖုန်းအုပ်ထားပုံမှာချောမောနေသောမျက်နှာတစ်ခုကိုပို၍ပို၍ချောမောစေသည်...။
ကောင်လေး ၂ယောက်အတူတူထိုင်နေပေမယ့်ထိုသူတစ်ယောက်ထဲကိုသာသတိထားမိသည်...
YOU ARE READING
Better With You
Fanfictionငါမင်းကိုချစ်တယ်။ မင်းမုန်းနေပေမယ့်ငါကတော့မင်းကိုချစ်နေအုန်းမှာဘဲ။ ဒါပေမယ့်မင်းပင်ပန်းလှတယ်ဆိုရင်တော့ငါထွက်သွားပေးပါ့မယ်။ -Park Jimin ကျွန်တော့်ကိုကျွန်တော့်မသိဘူး Hyung။ ကျွန်တော်Hyung ကိုချစ်နေတာလား သံယောဇဥ်တွယ်နေတာလားဆိုတာကိုကျွန်တော်မသိဘူး Hyung...