Unicode
"Hyung ကကျွန်တော့်အပိုင်"
We are We are ~~ Young and wild and free 🎶
မနက်နေမထွက်သေးသော်လည်းသီချင်းသံတို့မှာမနက်ခင်းရောက်နေပြီသတိပေးနေသည်။
နောက်နှေးချင်းမရှိအိပ်ရာမှထထိုင်လိုက်သောလူသားလေးတစ်ယောက်။
မနက်စာထက်အိပ်စက်ခြင်းကိုပိုနှစ်သက်သည့်သူကအခုတော့စိတ်ပါလက်ပါပင်အိပ်စက်ခြင်းကိုငြင်းပယ်နေပုံရသည်။ဟုတ်ပါတယ်
ဒီနေ့ကခရီးသွားမယ့်နေ့လေ။သူပျော်နေသည်ပေါ့
Jimin hyung နဲ့အတူမထိုင်ရသော်လည်း အဖွဲ့တစ်ဖွဲ့တည်းမို့ခရီးတစ်လျှောက်လုံးအတူအချိန်ကုန်ဆုံးမည်ဖြစ်သည်။ရေချိုးခန်းထဲဝင်ရောက်ကာတစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ဆောင်တော့သည်။
မြန်၏။
ပုံမှန်ရေတစ်ခါချိုးလျှင်နှစ်ပေါက်နေတက်သူမှာအမြန်ပြီးလှသည်။ရေချိုးခန်းထဲမှထွက်လာပြီးအဝတ်ဗီရိုကိုဖွင့်လိုက်ပြီးခဏတာရပ်တန့်သွားသည်။
ထို့နောက်ဗီရိုထဲမှစက္ကူဘူးအရှည်တစ်ခုကိုထုတ်ယူလိုက်၏။ဘူးလေးမှာအဝါရောင်လေးဖြစ်ပြီးဘူးဖုံးတွင်လည်းခရမ်းရောင်သစ်ပင်လေးဆွဲထားသည်။အောက်ခြေတွင် PJM ဟူ၍လက်မှတ်လေးထိုးထားသည်။
ထိုလက်မှတ်လေးကိုလင်ကလေးနှင့်ညင်သာစွာပွတ်သက်လိုက်ပြီးဘူးလေးကိုဖွင့်လိုက်သည်။
အတွင်းတွင် ပလတ်စတစ်အိတ်လေးဖြင့်သေချာထုတ်ပိုးထားသော Hoodie တစ်ထည်။ အပြာရောင်လေးဖြစ်သည်။ကျွန်တော်ဘယ်သော်အခါကမှအပြာရောင်ကိုမနှစ်သင်ခဲ့ဘူး။ အဝါကသာကျွန်တော့်အရောင်ဖြစ်တယ်။
ဤ Hoodie လေးမှာ Jimin hyung သူ့ကိုမွေးနေ့ကလက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
ထိုနေ့ကလက်ဆောင်ပေးခဲ့ချိန်တွင် Hoodie က အပြာရောင်ဖြစ်နေသောကြောင့်မေးခဲ့ဖြစ်သေးသည်။" Hyung ဘာလို့ကျွန်တော်ကြိုက်တယ့်အရောင်ကိုမဝယ်ပေးတာလဲ။ ကျွန်တော်ဘာရောင်ကြိုက်တယ်ဆိုတာလည်း Hyung သိရဲ့သားနဲ့"
ထို့သို့မေးတော့ Hyung က
"မင်းကိုပေးတယ့်လက်ဆောင်ဘူးလေးကအဝါရောင်လေးလေ။ အထဲမှာတော့အပြာရောင်လေးပါတယ်။ ဒီတော့မင်းရဲ့ရင်ထဲ hyung ရှိနေမယ်ဆိုတယ့်သဘောပေါ့။ မင်းဒီအင်္ကျီကိုဝတ်လိုက်ရင်လည်းမင်းကို Hyung ကကာကွာပေးမယ်ဆိုတယ်ွသဘောပေါ့။" ဆိုပြီးပြောခဲ့တယ်။
YOU ARE READING
Better With You
Fanfictionငါမင်းကိုချစ်တယ်။ မင်းမုန်းနေပေမယ့်ငါကတော့မင်းကိုချစ်နေအုန်းမှာဘဲ။ ဒါပေမယ့်မင်းပင်ပန်းလှတယ်ဆိုရင်တော့ငါထွက်သွားပေးပါ့မယ်။ -Park Jimin ကျွန်တော့်ကိုကျွန်တော့်မသိဘူး Hyung။ ကျွန်တော်Hyung ကိုချစ်နေတာလား သံယောဇဥ်တွယ်နေတာလားဆိုတာကိုကျွန်တော်မသိဘူး Hyung...