_3_ {Uni}

6.9K 605 1
                                    


"ကျဲ"

"​ပြောလေ အားကျန့်"

ထမင်းစား​နေရင်းနဲ့မှ ရှောင်းကျန့်တစ်ခုခုကိုအပြင်းအထန်သိ​ချင်​နေသ​ယောင်။

"မင်းကြီးက မိန်းမဘယ်နှယောက်​တောင်ယူထားတာလဲ"

"တစ်​ယောက်တည်းပါ အားကျန့်ရဲ့။ နာမည်ကရှန့်ယိအာတဲ့။ ဘွဲ့ကတောင်​ရွှေ​ရေး​ဆောင်မိဖုရား"

ကျဲကပြော​နေရင်းမှ ​ရှောင်းကျန့်နား​လေးအသာကပ်သွားပြီး ​လေသံတိုးတိုးဖြင့်ထပ်​ပြောသည်။

"အဲ့မိဖုရားက အမှန်​တော့တိုင်းပြည်​ရေးအတွက်ယူထားရတာ​လေ"

"အာ..အဲ့လိုလား"

ထို​တော့မှ မျက်နှာ​လေးပြန်ရွှင်မြသွားပြီး တူ​လေးကိုင်ကာ ထမင်းဆက်စား​တော့သည်။

"အားကျန့်"

"ဟုတ် ကျဲ"

"ကျဲ​လေ အားကျန့်စိတ်ဆင်းရဲရမှာကိုမမြင်ချင်ဘူး။ မယ်​တော်ကြီး​ပြောသလို မင်းကြီးတခြားမိဖုရားနဲ့အတူ​နေခဲ့ရင် တစ်​ယောက်တည်း ကြိတ်မခံစားနဲ့​နော်။ ကျဲကို​ပြောပြလို့ရတယ်"

"ဟုတ်"

"ဒါနဲ့ မင်းကြီးကိုလက်ထပ်ခွင့်မပြု​သေးဘူးလား အားကျန့်"

"ဟင့်အင်း"

"ဘာလို့လဲ"

"​မင်းကြီး ကျန့်ကျန့်ကိုကြည့်တဲ့အကြည့်​​တွေကို​ကြောက်လို့။ အိမ်​တော်မှာစ​တွေ့ကတည်းက ဘာမှန်းမသိဘူး ကျန့်ကျန့်ရဲ့ခန္ဓာကိုယ်ကိုပဲ စိုက်ကြည့်​နေတာ။ ကြက်သီးထစရာကြီး"

"အားကျန့်ရယ် တစ်ချိန်ကျရင် သူထိ..."

"ကျဲ!"

"အမ​လေး အခုမှရှက်မ​နေနဲ့"

"ကျဲပဲမရှက်တာ ဟိုမှာကျိယွင်ကိုလည်းကြည့်ဦး မျက်နှာကြီးနီရဲ​နေတာပဲ"

လှမ်းကြည့်လိုက်​တော့ သူတို့​ပြောတာနား​ထောင်ပြီးအမှန်ကန်ကို မျက်နှာကြီးနီ​နေသည့်ကျိယွင်င်။ သူတို့ကြည့်​နေမှန်းသိတော့ ရှက်ကိုးရှက်ကန်းနှင့် ​ပြောင်​လက်နေသည့်ဓါးကို အင်္ကျီစနဲ့​ကောက်သုတ်​နေရှာသည်။

Lotus Flower [Completed]Where stories live. Discover now