{မင်္ဂလာဦးညမှာ တစ်ယောက်ထဲသာ}
" အမယ်လေး ကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့ရေ..မင်္ဂလာဦးညကို ကြင်စဦးလင်ယောက်ကျားက သူ့ခြံထဲကနွားမကလေးမွေးမရလို့ ဒီလင်ကိုတစ်ယောက်ထဲထားခဲ့ရတဲ့ အဖြစ်မျိုးကျွန်တော်ပိုးခန့်မောင်ကလွဲပြီး ဘယ်သူမှမဖြစ်ဖူးကြဘူးမလား အီး....ဟီး...မေမေရေ...အင့်..မေမေ့သားလင်ယူတာမှားပြီးထင်ပါရဲ့ ဗြဲ..... "
ပိုးခန့် ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအောင်မွေးရာပါကောင်းလွန်းတဲ့မိုက်မလို အသံပါဝါအားကိုအသုံးချပြီး အော်ပြောနေတော့သည်။လက်တစ်ဖက်ကလဲ ရင်ဘက်ကိုတစ်ဘုန်းဘုန်းထုလိုက်ရသေး..အိပ်ယာမှထကာစမလို့ မျက်ချေးတွေနဲ့ ရင်နာနာနဲ့အော်ငိုနေတာမလို့ မျက်ရည်တွေရော နှပ်ရည်တွေပါကျလို့။မျက်ရည်နဲ့နှာရည် အချို့က ပါးစပ်ထဲကိုဝင်လာတာမလို့ ငံကျိကျိအရသာပါရမိသေး။
" အော် ဘဝ ဘဝ နွားလောက်တောင်ဂရုစိုက်မခံရတဲ့ ပိုးခန့်မောင်ရေ.. မင်းတော့လင်ယူမှားပြီကွ "
ပါးစပ်ကလဲ လင်ယူမှားကြောင်းက်ိုတဖွဖွရွတ်နေသလို ပါးပြင်နုနုထက်မှမျက်ရည်တွေကိုလဲ လက်ဖြင့်အကြမ်းပတမ်းသုတ်လိုက်သည်။မနက်ခင်း အစားလာတောင်းကြတဲ့ ငှက်ကလေးတွေတောင် ပ်ိုးခန့်ရဲ့အသံပြဲကြီးကြောင့် တဖြတ်ဖြတ်နဲ့အဝေးတစ်နေရာကို အလန့်တကြားပျံသန်းသွားသတဲ့။
.................................................................Flash Back>>>>>>>
" ပိုးခန့် ဟိတ်ကောင် ထတော့ရောက်တော့မယ် "
" ရောက်တော့မယ်ဆိုလဲ ရောက်ပြီဆိုမှခေါ်ကွာ "
" အေးအေး ဟာ ရောက်တော့မှာပါဆို "
" အေ့လေ ရောက်ပြီဆိုမှခေါ်လို့ဆ််ိုနေကွာ "
" တော်ကြပါတော့ ဟိန်းဆက်ရယ် အိမ်ရောက်မှခေါ်နိုးလိုက်တော့ဟာ "
" ကိုက အဲ့ကောင်ကို ပြင်ဦးလွင်မြို့ဘယ်လောက်လှကြောင်းကြည့်ခိုင်းမလို့ကို "
" ကိုကသာ ကြည့်ခိုင်းနေ ဟိုမှာပြန်သေနေပြီ "
နှင်းနွယ် ပြောလိုက်တော့မှ ဟိန်းဆက်လဲတိတ်သွားတော့သည်။ပိုးခန့် အိပ်နေတယ်ဆိုတာထက် မှိန်းနေသည်သာ။ကားမူးတတ်သည့် ပိုးခန့်အတွက်ပြင်ဦးလွင်(ခေါ် )မေမြို့ရဲ့တောင်ပတ်လမ်းကိုဖြတ်လာရသည်က ပိုတောင်မူးစေတယ်။တစ်လမ်းလုံး အန်လာလိုက်တာ စားထားတဲ့အစားတောင်မက သောက်ထားတဲ့ရေတောင်မရှိတော့။ကားပေါ်မှာသာ ဆေးသောက်ပြီးအိပ်လိုက်လာတာ ပြင်ဦးလွင်မှကြိုဆိုပါသည်ကိုတောင် ကျော်သွားကာ မြို့ထဲကိုဝင်နေပြီဖြစ်သည်။
YOU ARE READING
ကျွန်တော့်ယောက်ကျားကိုချစ်တီး[ကြၽန္ေတာ့္ေယာက္က်ားကိုခ်စ္တီး]