{လူပျိုကြီးနဲ့ကျွန်တော်}
"ပိုးခန့်မောင်မလား နာမည်က "
" ဟုတ် "
" အကို အကူညီတစ်ခုတောင်းချင်လို့ပါ "
" ဟုတ် ဘာကိစ္စလဲဗျ ကျွန်တော်ကူညီနိုင်တာရှိရင်ကူညီပေးပါ့မယ် "
" အင်း အကို့ဆရာက စိုက်ပျိုးရေးနဲ့မွေးမြူရေးခြံပိုင်ရှင်ပါ အခုတလောခြံထဲမှာအလုပ်လေးတွေကလဲများနေတာ ဆရာကအခုထဖို့တောင်အနိုင်နိုင်ဆိုတော့လေ အကိုကပဲသူ့အစားခြံထဲသွားပေးရမှာ "
" ဟုတ် အဲ့တာဘာများဖြစ်လို့လဲဗျ "
" အိမ်မှာက ဆရာရယ် ခြံစောင့်လင်မယားနဲ့အကိုတို့ပဲရှိတာ ခြံစောင့်လင်မယားကလဲအသက်ကြီးပြီးဆိုတော့ ဆရာ့ဝေယျာကိစ္စကိုလုပ်ပေးဖို့ကျအဆင်မပြေလို့လေ အဲ့တာဆရာ့ကိုကြည့်ပေးဖို့အကူညီတောင်းချင်တာပါ တစ်နေ့လုံးမဟုတ်ပါဘူးအကိုခြံထဲကပြန်လာတဲ့အချိန်ထိပဲ "
ပိုးခန့် ခနတော့စဥ်းစားလိုက်နေသည်။ဒါမဲ့လဲသူ့အမှားမကင်းတာမလို့ ချက်ချင်းပဲသဘောတူလိုက်သည်။
" ရပါတယ် ကျွန်တော်လာကြည့်ပေးပါ့မယ် အကိုဇံအခုလိုဖြစ်တာလဲကျွန်တော့်အမှားကြောင့်လေ ဒါမဲ့အကိုဇံကသဘောတူရဲ့လား "
" အဲ့တာအကိုကြည့်စီစဥ်လိုက်မယ် ငါ့ညီသာအိမ်လာခဲ့လိုက် ဒီမှာကအိမ်လိပ်စာ "
" ဟုတ် "
~~~~~~~~~~~~~~~~~~~~~~~~~
! တီ တီ.. !
ကားတွန်းသံကြောင့် ခြံထဲမှအသက်ကြီးကြီးဦးလေးကြီးတစ်ယောက်ကတံခါးလာဖွင့်ပေးလေသည်။
ပိုးခန့်လဲ ထိုခြံဝန်းကြီးထဲသို့ မောင်းဝင်လာလိုက်ကာနှစ်ထပ်တိုက်ကြီးရှေ့၌ ကားရပ်လိုက်သည်။ကားပေါ်ကဆင်းလာလိုက်တော့ အိမ်တံခါးဝမှာရပ်စောင့်နေသူက ပိုးခန့်ကိုအကူညီတောင်းထားသည့်ကိုသက်နိုင် ဆိုသူ..
" ကိုသက်နိုင် ကျွန်တော်လာတာနောက်ကျသွားတယ် "
" ရပါတယ်ကွာ ဒါနဲ့တစ်ယောက်ထဲလာတာလား "
" ဟုတ်တယ်ဗျ အဲ့တာကြောင့်ကျွန်တော်လာတာနောက်ကျသွားတာ ကျွန်တော်ကပြင်ဦးလွင်သားမဟုတ်တော့လမ်းမသိဘူးဗျ အခုတောင်မေးမြန်းပြီလာလိုက်တာ "
YOU ARE READING
ကျွန်တော့်ယောက်ကျားကိုချစ်တီး[ကြၽန္ေတာ့္ေယာက္က်ားကိုခ်စ္တီး]