{ မတော်ရသေးတဲ့ယောက္ခမရဲ့သဲသဲလှုပ်အချစ်ခံရသည့် ပိုးခန့်မောင်... }
နေရောင်စူးစူးက ပိုးခန့်မျက်နှာကိုလာထိုးနေတာမလို့ ဆက်အိပ်လို့မရတော့ပဲ ထထိုင်လိုက်သည်။မျက်လုံးကိုမဖွင့်ပဲ အိပ်ယာပေါ်မှဖုန်းကို လက်ဖြင့်လိုက်စမ်းကာရှာဖွေလျက်။
ဖုန်းကိုတွေ့သည်ဆိုမှ မျက်လုံးဖွင့်ကာ ဘယ်အချိန်ရှိပြီးဆိုတာ ကြည့်လိုက်တော့..
" အိုး...shit...၁၀နာရီတောင်ထိုးနေပြီကွ "
သူများအိမ်မလို့ စောစောထသင့်တာကို နောက်ကျမှထသည်ကအိမ်ရှင်တွေကိုအားနာဖို့ကောင်းသည်မလား..
အခုတောင်၁၀နာရီထိုးနေပြီမလို့ ပိုးခန့်အိပ်ယာပေါ်မှ ဆင်းပြီးရေချိုးခန်းထဲမြန်မြန်ဝင်လိုက်သည်။
မျက်နှာသစ် သွားတိုက်ပြီး ရေပါခေါင်းလောင်းချိုးလိုက်တော့လူကလန်းဆန်းသွားသည်။
ပေါ့ပေါ့ပါးပါး အဝါကွက်pajamasetလေးကိုဝတ်လိုက်ကာ စိုနေတဲ့ဆံပင်တွေကိုအနည်းငယ်ခြောက်အောင်သုတ်လိုက်နေသည်။ခြောက်လောက်ပြီးဆိုမှ သပတ်အားကုတင်ပေါ်ပစ်တင်ပြီး မျက်နှာကိုcreamအနည်းငယ်လိမ်းစေသည်။
အကုန်ပြီးစီးကာအခန်းထဲမှအထွက် ပိုးခန့်အရှေ့အခန်းမှတံခါးလဲပွင့်လာတာမလို့ ကြည့်လိုက်ရာ..
" ဟင်... "
" ပိုးလေး.. "
တစ်ဖက်အခန်းမှထွက်လာသူက အခြားသူမဟုတ် ပိုးခန့်ရဲ့နှစ်ယောက်မရှိအကို။
အကိုကလဲ ပိုးခန့်အားမြင်တော့အံ့သြနေပုံ။" ဟယ် သားပိုးလေး တီလေးတောင်လာခေါ်နိုးတော့မလို့ပဲ နိုးနေပြီဆိုတော့ လာမနက်စာလာစား "
" ဟုတ်ကဲ့ တီလေး "
" ဇံ သားလဲမစားရသေးဘူးမလား လိုက်ခဲ့ "
တီလေးက ပိုးခန့်လက်ကိုဆွဲကာခေါ်နေသည်မလို့ အကို့ကိုပြုံးပြပြီး တီလေးနှင့်အတူအောက်ထပ်ဆင်းလာလိုက်သည်။
ဇံ အခန်းရှေ့ မတ်တပ်ကြီးရပ်ကာကြောင်အလျက်။မေမေပြောတဲ့ဧည့်သည်ဆိုတာ ပုလုံးလေးတို့လား...
အိမ်ထောင်ဖက်တွေ့ခိုင်းသည်က ပုလုံးလေးသာဆိုရင် ဇံ ချက်ချင်းကိုလက်ထပ်မည်ပင်။
YOU ARE READING
ကျွန်တော့်ယောက်ကျားကိုချစ်တီး[ကြၽန္ေတာ့္ေယာက္က်ားကိုခ်စ္တီး]