Part8(Unicode)

340 40 11
                                    

{ပုလုံးလေးနဲ့နီးစပ်ခွင့်မရှိရင် လူပျိုကြီးအဖြစ်သာနေမည်..}

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်>>

" မေမေ လာကြိုမဲ့သူကလဲကြာလိုက်တာ "

" ဟဲ့ကောင်လေး ကြာရအောင်စောင့်နေတာ၁၀မိနစ်တောင်ပြည့်သေးလို့လား "

" ဒါပေမဲ့လဲ သူတို့ကလာကြိုတာပဲသားတို့ထက် စောပြီးစောင့်နေပေးရမှာပေါ့ "

" ဒီကောင်လေးတော့ငါခေါက်လိုက်ရ.. "

ဦးခန့်မောင် စကားများနေတဲ့သားအမိနှစ်ယောက်ကို လက်ပိုက်ပြီးသာကြည့်နေလိုက်သည်။

" ဒီကအန်တီတို့ "

ဒေါ်ပိုးဖြူ သူမရဲ့သားနဲ့စကားများနေရင်းသူမတို့အားခေါ်လိုက်သည်ကိုကြားလိုက်ရသည်။သူမလဲခေါ်လိုက်သူအားကြည့်လိုက်တော့အရပ်ရှည်ရှည်လူကောင်ထွားထွားကောင်လေးတစ်ယောက်..

" ပြောသား "

" အန်တီတို့က ဦးခန့်မောင်နဲ့ဒေါ်ပိုးဖြူတို့လားဗျ "

" ဟုတ်ပါတယ် သားကအန်တီတို့ကိုလာကြိုတဲ့သူလား "

" ဟုတ်တယ်ဗျ လာတာနောက်ကျသွားလို့တောင်းပန်ပါတယ် အန်ကယ်နဲ့အန်တီ "

" ရပါတယ်ကွယ် အန်တီတို့လဲမစောင့်ရပါဘူး "

" ဘာလို့ မစောင့်ရမှာလဲ မေမေကလဲ "

" တိတ်စမ်း "

" ဟွန့် "

" အာ အဲ့တာဆိုသွားကြရအောင်ဗျ "

" အေးအေး "

~~~~~~~~~~~~~~~~~~~~~~~~~

ပိုးခန့် မေမေတို့ကိုစိတ်ဆိုးကာ တစ်လမ်းလုံးစကားမပြောပဲနေနေလိုက်သည်။မေမေတို့ကလဲ စိတ်ဆိုးတဲ့သူ့ကိုချော့မယ်ဆိုတာမရှိ တစ်လမ်းလုံးပိုးခန့်ကိုဘေးမဲ့လူလိုသဘောထားပြီး အရှေ့ကကားမောင်းနေတဲ့ လူဂွစာနဲ့သာစကားပြောနေကြတယ်...

" ရောက်ပြီးဗျ "

ကားမောင်းနေတဲ့ လူဂွစာက ကားရပ်ကာရောက်ပြီးပြောလာတာမလို့ ပိုးခန့်ကားပေါ်မှဆင်းပြီး နောက်ဖုံးမှသူ့Luggageသွားထုတ်လိုက်သည်။

ကျွန်တော့်ယောက်ကျားကိုချစ်တီး[ကျွန်တော့်ယောက်ကျားကိုချစ်တီး]Where stories live. Discover now