Part10(Unicode)

359 40 7
                                    

{အလှူလုပ်ရင်း အကိုနှင့်အတူကုသိုလ်ယူမယ်...}

! ဒေါက်..ဒေါက် !

" သားရေ..မပြီးသေးဘူးလား "

" ပြီးပြီး မေမေ "

မေမေ့ကိုလှမ်းအော်ပြောကာ ရေမွှေးလေးအနည်းငယ်စွတ်လိုက်ပြီး အခန်းထဲမှထွက်လာခဲ့သည်။

" အလှူလုပ်ဖို့သွားမှာလား ရည်းစားနဲ့တွေ့ဖို့သွားမှာလားမသဲကွဲ ပြင်လို့ဆင်လို့ကိုမပြီးဘူး ပိုးခန့်မောင် "

" အော် မေမေရယ် သပ်သပ်ရပ်ရပ်လေးဖြစ်အောင်လုပ်နေလို့ပါ မေမေအဲ့လိုပွစိပွစိပြောနေမှအချိန်ပိုကြာတာ "

" တော်တန်တိတ် လာ သွားမယ် "

ပိုးခန့်ကို မျက်စောင်းထိုးပြီးလှည့်ထွက်သွားတဲ့မေမေ့နောက်ကို ပိုးခန့်လဲလိုက်လာခဲ့သည်..

~~~~~~~~~~~

ချည်ပုဆိုးအညိုကွက်လေးနဲ့ စတစ်လက်ရှည်အဝါနုလေးကို ဝတ်ဆင်ထားသည့် ပုလုံးလေးက ဖြူအုနေတဲ့အသားအရည်လေးနှင့် ပနံသင့်စွာ...

ဘောင်းဘီကိုသာအမြဲတစေဝတ်သည့် ပုလုံးလေးက အခုလိုပုဆိုးလေးဝတ်ထားပြန်တော့လဲ ချစ်ဖို့ကောင်းကာချောလွန်းလို့ ဇံ မှာအကြည့်မလွဲနိုင်။

" အဟမ်း... လူစုံပြီးဆိုတော့ သွားကြမယ်လေ "

အပုကောင်ကို မျက်လုံးကျွတ်ကျမတတ် ကြည့်နေတဲ့ကိုကြီးကြောင့် သျှံ ခပ်ကျယ်ကျယ်ချောင်းဟန့်လိုက်သည်။

" အမ် အင်း သွားကြတာပေါ့ "

သျှံ ချောင်းဟန့်သံကြောင့် ဇံ မှာအသိပြန်ဝင်လာပြီး မျက်နှာပူမိသည်..
လူကြီးတွေကိုကြည့်တော့လဲ ပြုံးစိစိဖြစ်နေကြတာမလို့ ပိုလို့တောင်မျက်နှာပူရသည်..

ပုလုံးလေးကိုကြည့်တော့လဲ ခေါင်းကြီးငုံ့ကာနားရွက်ဖျားလေးတွေကရဲလို့..

" ပိုးလေး ကိုယ်တို့နဲ့လိုက်မှာလား "

" အာ မေမေတို့နဲ့လိုက်... "

" မလိုက်နဲ့ ကြပ်တယ် သားဇံတို့ကားနဲ့လိုက်သွား "

ပိုးခန့်စကားတောင်မဆုံးသေး ငြင်းလာသည့်မေမေကြောင့် ပြောစရာစကားတောင်ပျောက်ကုန်တယ်

ကျွန်တော့်ယောက်ကျားကိုချစ်တီး[ကျွန်တော့်ယောက်ကျားကိုချစ်တီး]Where stories live. Discover now