{ လွမ်းတယ် }
" ပိုးလေး ပြေးမသွားနဲ့ပြုတ်ကျမယ် "
ဘယ်လောက်ပဲအော်နေနေ ပိုးခန့်မောင်ဆိုတာသူစိတ်ဝင်စားစရာတွေ့ရင် ဘယ်သူ့ကိုမှဂရုမစိုက်တော့။
ခုနကပဲ အစားစားထားတာကို လျှောက်ပြေးနေတဲ့ ပုလုံးလေး ပြေးနေတာကလဲကြိုးတံတားပေါ်မှာ မတော်လို့ပြုတ်ကျကြည့် ဒီလူရင်ကျိုးရရှာမှာကိုမသိတဲ့ကလေးစုတ်။ဇံမှာ ရင်တမမနဲ့ တံတားပေါ်ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်လုပ်နေသည့်ပုလုံးလေးကို စိုးရိမ်ကာစိတ်ပူနေမိသည်။
" အကို ကျွန်တော့်လိုပြေးကြည့်ပါလား ပျော်စရာကြီး တံတားကလှုပ်နေတာစိတ်လှုပ်ရှားဖို့ကောင်းတယ် "
" လျှောက်ပြေးမနေနဲ့လေ ပိုးလေးရဲ့ ထမင်းစားထားတာမကြာသေးဘူး ဗိုက်အောင့်လိမ့်မယ် "
" မအောင့်ပါဘူး ကျွန်တော်က စားသောက်ဆိုင်မှာထဲက အစားကြေတောင်ကြေနေပြီး "
" ပိုးလေးက ကြေတယ်ပြောပေမဲ့ ဗိုက်ထဲမှာကြေမကြေအတိအကျဘယ်သိမလဲ လာ ဟိုနားကတဲလေးမှာသွားထိုင်ကြရအောင် "
" ဟုတ် "
အဖြူရောင်ပိတ်ထူထူဖြင့်မိုးထားတဲ့ တဲလေးက စမ်းချောင်းလေးဘက်ထိုးထွက်ပြီးဆောက်ထားပေးကာ လာလည်တဲ့သူတိုင်းအနားယူစားသောက်လို့ရတဲ့ နေရာလေးအဖြစ်တဲလေးတွေကိုလုပ်ထားပေးသည်။
နေဒဏ်ကိုကာကွယ်ပေးနိုင်တဲ့တဲလေးထဲမှာ ထိုင်ရင်းသဘာဝအတိုင်းစီးဆင်းနေတဲ့စမ်းချောင်းရေကြည်အေးလေးတွေကို ကြည့်ကာ တစ်နေ့လုံးလျှောက်လည်သမျှပင်ပန်းမှုတွေကို ဆေးကြောလိုက်သလိုပဲစိတ်ကြည်လင်အေးချမ်းမှုကို ခံစားမိတယ်..
" အကို ဒီနေရာလေးကအရမ်းသာယာတာပဲနော် "
" အင်း တိတ်ဆိတ်ပြီးတော့အနားယူလို့ကောင်းတဲ့နေရာလေး "
" အကို ဒီမှာရေတံခွန်ရှိတယ်မလား "
" အင်း ရှိတယ်လေ "
" အဲ့ကိုသွားကြရအောင် "
" မထိုင်တော့ဘူးလား "
" မထိုင်တော့ဘူး ရေတံခွန်စီပဲသွားကြရအောင်လေ နော် "
" ခင်ဗျားလေး သဘောအတိုင်းပါဗျ ထ သွားကြမယ် "
YOU ARE READING