Part2(Unicode)
664 62 16
{ ကြိမ်ဆဲမိတဲ့ အကျိုးကျေးဇူး }
အောက်တိုဘာလထဲဝင်နေပြီမလို့ ပြင်ဦးလွင်မြို့လေးမှာ အေးစိမ့်စိမ့်နဲ့ နေလို့သာယာလှသည်
ပြင်ဦးလွင်မြို့ရဲ့ နာမည်ကြီး(Purcell Tower)နာရီစင်ရှေ့၌ ပိုးခန့်တို့ငါးယောက်လုံး ဖုန်းဖြင့်ရော cameraနဲ့ပါ postအမျိုးမျိုးပေးပြီး ဓာတ်ပုံရိုက်ကြသည်။ဟိန်းဆက်ကတော့ တစ်မျိုးပြီးတစ်မျိုးမရိုးနိုင်လောက်တဲ့ postပေါင်းသောင်းခြောက်ပေးနေတဲ့ နှင်းနွယ်ရဲ့ပင်တိုင် cameramanလုပ်ပြီး အတွဲပုံကျတော့ ပိုးခန့်တို့ကိုလာရိုက်ခိုင်းတယ်။
'ငါတို့လဲ ရည်းစားရမှသေမလိုရိုနေတဲ့မင်းတို့ထက်ပိုရိုပြမယ်'ဆိုပြီး ပိုးခန့်၊ဘုန်းပြည့်နှင့်ဇူးခက်တို့သုံးယောက်သား စိတ်ထဲတေးမှတ်နေကာမျက်နှာလေးတွေကမဲ့ရွဲ့နေတော့သည်။
နာရီစင်မှာ ဓာတ်ပုံရိုက်လို့မပြီးသေး ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဥ်က်ိုသွားပြီ ဆက်ရိုက်လိုက်သေးတယ်
အဲ့မှာဆိုးတာပဲ ကန်တော်ကြီးကပန်းပေါင်းစုံနဲ့လှနေတဲ့ဥယျာဥ်ကြီးမလို့ အိမ်မပြန်ချင်လောက်အောင် ဓာတ်ပုံရိုက်နေတဲ့နှင်းနွယ်နဲ့ဟိန်းဆက်တော့မသိ ပိုးခန့်တို့သုံးယောက်မှာတော့ ဗိုက်လဲဆာသလို သောက်အတွဲကိုစောင့်ရတာခြေပင်တိုနေပြီ..မနေနိုင်လွန်းလို့တောင်းပန်တော့မှ ခြေရှည်အတွဲကရပ်တော့တယ်
သြော်..ဒီနေ့ အချိန်ရသလောက် နေရာတိုင်းလျှောက်လည်ပတ်မယ်ဆိုပြီ တွေးထားတဲ့ပိုးခန့်  သောက်အတွဲကြောင့်နာရီစင်နှင့် ကန်တော်ကြီးသာရောက်ပြီး အိမ်သို့ပြန်ကြွခဲ့ရတော့သည်။အတွေးထဲ ထိုနှစ်ကောင်ကိုကြိမ်ဆဲနေစဥ်
! အား......... !
! ဒုန်း !
' ကျွီ '
ပိုးခန့် အား..ဆိုတဲ့အော်သံကြီးနဲ့အရှေ့မှာပေါ်လာတဲ့လူကြောင့် အလန့်တကြားနဲ့ဆိုင်ကယ်ကိုရပ်လိုက်မိသည်
မျက်လုံးကို စုံမှိတ်ထားကာ ဆိုင်ကယ်အရှေ့မှလူကိုမကြည့်ရဲ ' မင်းတော့သေပြီးပဲ ပိုးခန့် 'လို့ ပါးစပ်က အသံတိတ်ရွတ်နေမိတယ်