part- 3(uni)

245 36 4
                                    


(note;ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်)

အမိမြေဖြစ်သည့်ကိုရီးယားမြေကိုခြေချမိသည်နှင့်နှုတ်ခမ်းတို့မှာကွေးညွှတ်သွားသည် ဘယ်ဘက်ပါးပေါ်မှပါးချိုင့်သည်လည်းသိသိသာသာနက်ဝင်သွား၏ တက္ထားတဲ့ sunglasses နဲ့လိုက်ဖက်သလိုဘယ်အရာကိုပဲဆင်မြန်းဆင်မြန်းလိုက်ဖက်နေသည့်ထိုလူသားသည် park chanyeol ပင် ဂျပန်မှာသုံးနှစ်ဆိုတဲ့ကာလကိုခြောက်သွေ့စွာဖြတ်သန်းရင်းသူသည်အောင်မြင်တဲ့လူငယ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေလေပြီ ဂျပန်မှာသာမက ကိုရီးယား UK china USနဲ့အခြားနိုင်ငံတွေမှာပါခွဲထွက်ထားတဲ့လုပ်ငန်းအများစုကိုကိုင်တွယ်ဖြေရှင်းနေသူ နာမည်ကြီးလုပ်ငန်းစုတွေကပါsakuraလုပ်ငန်းစုနဲ့အလုပ်တွဲလုပ်ချင်လို့welcomeဟုစောင့်နေကြတဲ့သူတွေကခပ်များများ ချောမောတဲ့ရုပ်ရည်နဲ့ထက်မြတ်တဲ့သူကခုခေတ် idolတွေထက်နာမည်ကျော်တဲ့သူ mr park ကတော့လွန်ခဲ့တဲ့တစ်နှစ်ကပဲလူကြီးရောဂါနှင့်ဆုံးပါးသွားခဲ့လေပြီ....ခုသူပြန်လာတာ ဟန်နီ့အတွက်အချိန်တိုင်းသတိရနေမိတဲ့ကျနော့ရဲ့ဟန်နီ airport ကကားပါကင်မှ စီစဉ်ခိုင်းထားသည့်ပိုက်ဆံရှိရုံနဲ့ဝယ်စီးလို့မရသော ကားပေါ်သို့်တက်လိုက်သည် ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ပွင့်သွားတဲ့အမိုးကနေ နေရောင်ခြည်များကဖြာကျလာသည် အရှိန်မှန်မှန်နဲ့ပဲမောင်းနေရင်း
'တိန်'
ဂျပန်မှာရှိကတည်းကဝင်နေကျmessageလေးကို ဖွင့်ကြည့်လိုက်သည် ဓာတ်ပုံထဲကလူကြီးလူကောင်းပီသတဲ့ဟန်နီ ဒါပေမဲ့ချစ်ဖို့ကောင်းတုန်းပဲ နောက်တစ်ပုံကလွန်ခဲ့တဲ့သုံးနှစ်လောက်ကဟန်နီနဲ့လက်ထက်ခဲ့တဲ့ကောင်မလေး ဒါမှမဟုတ်သူတို့နှစ်ယောက်ကြားကဂြိုလ်ဆိုး ပျော်စရာတော့ကောင်းဦးမှာပဲ.....

"ဟန္နီ ကျနော့ကိုစောင့်မနေခဲ့ဘူးပဲ ဟက် ...."
ပိုမြင့်လိုက်တဲ့ကားအရှိန်ကြောင့်high wayလမ်းမပေါ်ကသစ်ရွက်ခြောက်လေးများမှာ အလုအယက်လေထဲမှာပျံဝဲကြကုန်၏

🍂🍂🍂🍂🍂🍂🍂🍂🍂🍂

တစ်ခါကြည့်လိုက်တိုင်းတစ်နာရီလောက်မူးနှောက်သွားမဲ့ဒီစာရင်းတွေကကျနော့အတွက်တော့နေသားကျနေခဲ့ပြီ လာချပေးထားတဲ့ကော်ဖီကအေးစက်နေပြီဆိုပေမဲ့အကျင့်ဖြစ်နေသောကြောင့်တစ်ငုံသောက်လိုက်သည် ဘာအရသာမျှမရှိသောကော်ဖီအေးစက်စက်ကခါးသက်ခြင်းကိုတောင်မယူဆောင်လာနိုင်...နေ့တိုင်းအချိန်ဇယားတွေနဲ့ပဲဖြတ်သန်းရင်းအခုလဲပိတ်ရက်မှာတောင်မှကုမ္ပဏီသို့ရောက်နေပြန်သည် ပိတ်ရက်မှာအချိန်ပိုကြောင့်ရောက်နေတဲ့ဝန်ထမ်းအချို့ကတော့သူတို့သူဌေးအလုပ်ကြိုးစားလို့ချီးကျူ းလို့မဆုံး....
"ကို"
တံခါးဖွင့်သံနဲ့အတူ ကြားလိုက်ရတဲ့အသံကြောင့်ကွန်ပျူ တာနဲ့fileတွေကြားမှာအလုပ်ရှုပ်နေတဲ့မျက်လုံးများကတံခါးဆီသို့အကြည့်ရောက်သွားသည် လမ်းလျှောက်တက်ကာစသားလေးကိုလက်တွဲရင်းပြုံးကာရုံးခန်းထဲသို့ဝင်လာသည့်jihyunကြောင့် ဟိုတစ်နေ့ကပြောထားတာတွေကိုသတိရပြီး tableမွထကာ jihyunဆီသို့လျှောက်သွားလိုက်သည်

|| Give up for you || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Where stories live. Discover now