(note; ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်)ကျနော့ဟန်နီကခုနေ့မှသိပ်ချစ်ဖို့ကောင်းနေတာ..ခုနေ့မှမဟုတ်ပါဘူးအမြဲတမ်းချစ်ဖို့ကောင်းနေတာ။အပြင်ခေါ်သွားရမှာတောင်မသဒ္ဒါတော့ဘူး...ဒီလောက်ချစ်ဖို့ကောင်းနေရင်အကုန်လုံးကဝိုင်းကြည့်နေကြမှာပေါ့လို့....andwe!!
ပေါင်လောက်ထိအုပ်နေတဲ့ hoddie အဝါနုလေးကိုဂျင်းအပြာလေးနဲ့တွဲဝတ်ထားပြီးကလေးလေးတွေလိုကျောပိုးအိတ်အညိုလေးကလွယ်ထားသေးတယ်...မဖြစ်ပါဒီလောက်ချစ်ဖို့ကောင်းတဲ့ကျနော့ဟန်နီကိုတခြားသူတွေဝိုင်းကြည့်ကြရင်ဟောဒီကကျနော်အမှောင်ပတ်..မှားလို့ အမောင်ပတ် ရင်ကျိုးရချည်ရဲ့..။"chanyeol ..သွားမယ်လေ"
"ဘယ္လို..."
မျက်မှောင်ကြီးကြုတ်ထားတဲ့ chanyeol ကြောင့်ပြူးကြောင်ကြောင်လေးကြည့်မိတော့"သွားမယ်လေ...နေ့လည်စာစားချိန်တောင်ကျော်နေပြီကို"
"မရဘူး..ခုနကဘယ်လိုခေါ်လိုက်တာလဲ.."
ဟင်..ကျနော်ဘယ်လိုခေါ်လိုက်လို့လဲ..။"ဘာကိုလဲ.."
"တော်ပြီ..တက်..သွားမယ်"
ဆောင့်အောင့်ရင်းကားတံခါးများဆွဲဖွင့်ကာတက်ခိုင်းနေတော့ကျနော်လဲတက်လိုက်ရင်း ဘာဖြစ်သွားတာလဲစဉ်းစားနေမိသည်..။မောင်းသူနေရာဖက်မှာထိုင်ရင်းနှုတ်ခမ်းကြီးစူထားတဲ့ chanyeol ကဒီလိုလဲကလေးဆန်တက်သေးတာလား..ဟိဟိ ချစ်စရာလေး...။"ဘာရီတာလဲ.."
ကိုယ့်အတွေးနဲ့ကိုယ်မထိန်းနိုင်ပဲအသံထွက်ပြီးရီလိုက်မိလို့လှည့်မေးလာတဲ့အကြည့်များကကြက်သီးထစရာ..။လူကောင်ကြီးနဲ့မှမလိုက်စူနေတဲ့နှုတ်ခမ်းလေးကိုလှမ်းနမ်းလိုက်ပြီး"ပြွတ်စ်...ဒါလင်လို့မခေါ်လို့စိတ်ကောက်နေတယ်ပေါ့.."
ထိုအခါမှလိုချင်တာရသွားတဲ့ကလေးလေးလိုပြုံးရင်းကျနော့ကိုပြန်ဆွဲကာနမ်းတော့သည်..။အစဖော်လိုက်မိတဲ့ကျနော့အမှား..။
"အွန်း..အွန်း.."
အတော်ကြာအသက်ရှူကျပ်လောက်တဲ့ထိနမ်းပြီးတော့မှဒါလင့်ရင်ဘတ်ကိုတွန်းရင်းရပ်ခိုင်းရသည်..။မဟုတ်ရင်ပြီးတော့မယ်မထင်..
YOU ARE READING
|| Give up for you || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »
Fanficʕ•ε•ʔ ❣ First create❣ ʕ•ε•ʔ Park Chanyeol × Doh Kyungsoo ❣______박찬열 × 도경수______❣ ___________chansoo___________ start date - 24.7.2021 end date - 11.10.2021 # ZAWGYI + UNI