part- 16(uni)

176 30 8
                                    


"ဟက်...ဒီအပုလေးက ကချစ်ဖို့တော့ကောင်းသားပဲ.."

password မခံထားတဲ့ဖုန်းထဲမှဓာတ်ပုံတွေကို တစ်ပုံချင်းကြည့်ရင်းပြောနေတဲ့သူ့ကို သူ့သူငယ်ချင်းများက အထူးအဆန်းသဖွယ်ဝိုင်းကြည့်နေကြသည်။ ဟုတ်မှာပေါ့ ချေလွန်းပါတယ်လို့သိထားတဲ့သူ့နှုတ်ခမ်းပါးထက်အပြုံးပန်းများက စစ်မှန်စွာဖူးပွင့်နေသည်မလား။

ပုံတိုင်းလိုလိုပါတက်တဲ့ နားကားကားနဲ့ yoda လိုလူကိုတော့သူသိပ်ဘဝင်မကျ။ သို့ပေမဲ့ပိုရိုရိုအရုပ်လေးလိုချစ်ဖို့ကောင်းတဲ့မနေ့က အပုလေးကိုပြန်တွေးရင်း သူကြည်နူးစွာပြုံးနေမိသည်။ အင်း...နည်းနည်းတော့အထိနာခဲ့ပေမဲ့လို့ပေါ့..။

last night ;

ရှေ့ကဘာကြီးလဲ... အား။

ကျွီ ~~

kyungsoo တစ်ယောက် စိတ်တွေဆောက်တည်ရာမရကားမောင်းနေရင်း လမ်းမပေါ်မှာကုန်းကုန်းကြီးဖြစ်နေတဲ့ အရိပ်ကြောင့်အလန့်တကြား ဘရိတ်အုပ်လိုက်ရသည်။ တိုက်မိသွားတာများလားဆိုတဲ့စိတ်နဲ့ သူဆင်းကြည့်မိတော့...ကားရှေ့မှာဘာမှမရှိ။ ညလြဲဖစ်လူလြဲပတ်နေပြီး ကားတစ္စီးစ နှစ်စီးစ လောက်ပဲရှိတဲ့လမ်းမပေါ်မှာ တစ်ယောက်ထဲဆိုတဲ့စိတ်နဲ့ကျောတွေပါချမ်းလာသည်။

ဘာမှလဲမရှိဘူး။ ငါခုနတုန်းကသေချာမြင်လိုက်ပါတယ်။ အဟင့်..သ...သရဲမ်ားလား။ ကြောက်စိတ်ကြောင့်မျက်ရည်များပါဝဲလာပြီး ဘေးဘီကိုသေချာဝေ့ကြည့်လိုက်ပေမဲ့ဘာမှမတွေ့တာမို့ ကားဖက်အလှည့်...။

"omma yaaaa.....အား..သရဲ...."

အံမယ်..ငါ့မ်ားသရဲတဲ့။

ကျနော့ရှေ့ငယ်သံပါအောင် ကုတ်ခြစ်အော်လိုက်တဲ့ကောင်လေးက သူ့ကိုမြင်ပြီးထိုင်ချပစ်ကာ မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ထားသေးသည်။ ကားလမ်းဘေးမှာဆိုင်ကယ်ခဏရပ်ရင်း ဆေးလိပ်သောက်နေတုန်း လက်ဆော့ပြီးဆိုင်ကယ်သော့ကိုဝေ့လိုက်တာအရှိန်လွန်ပြီး ကားလမ်းပေါ်ကျသွားသည်မို့
ဆိုင်ကယ်သော့ကောက်နေတုန်း သူ့ရှေ့ရုတ်တရက်ရောက်လာတဲ့ကားကြောင့် အလျင်အမြန်ရှောင်လိုက်ရင်း ကားလမ်းဘေးမှာတင်ရပ်နေပြီး ကားပေါ်မှလူကိုအပီဖြဲဖို့လုပ်ထားပေမဲ့ ဆင်းလာတဲ့အပုလေးက အသက်တောင်ပြည့်သေးပုံမရ။ လိုင်စင်ရောရှိရဲ့လားလို့တောင် တွေးမိသေးသည်။

|| Give up for you || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Where stories live. Discover now