"wow...ဘယ်ဆိုးလို့လဲ hyung တို့ကုမ္ပဏီဒါကြောင့်နာမည်ကြီးနေတာပေါ့..."ပြင်ဆင်ထားတဲ့အခမ်းအနားပွဲအပြင်အဆင်ကို ကွင်းဆင်းလေ့လာပြီးတော့ သူတို့နှစ်ယောက်ဟိုတယ်ကပြင်ထားတဲ့ စားပွဲဝိုင်းတစ်ခုတွင်ဝင်ထိုင်ကြပြီးနောက် chanyeol မှချီးမွန်းထောပနာပြုစကားဆိုသည်။
"ဒီတစ်ခေါက်ကမင်္ဂလာပွဲဆိုတော့......."
စကားကိုပြီးအောင်မပြောပဲ ပတ်ပတ်လည်မှာရှိတဲ့အခမ်းအနားအပြင်အဆင်ကိုတစ်ချက်ဝေ့ကြည့်ရင်း
"ကြည့်ရတာသတို့သားက chinese ပဲနဲ့တူတယ်...ဟုတ္တယ္မလား hyung.... "
အနီရောင်တွေဝန်းရံထားပြီးတရုတ်စာလုံးတွေရေးဆွဲထားတဲ့စာရွက်တွေ၊နောက်ပြီးအနီရောင်မီးပုံးတွေကြောင့်ခန့်မှန်းပြောလိုက်ခြင်း..။
"အင်း..ဟုတ်တယ် ဒါပေမဲ့သတို့သမီးကကိုရီးယားလူမျိုးလေ....ကြည့်ရတာသတို့သားကသတို့သမီးကိုအတော်အလိုလိုက်တယ်နဲ့တူတယ်..."
"ဟင်..ဘာလို့..."
အရှေ့မှဟိုတယ်ဝန်ထမ်းလာချပေးထားတဲ့ လိမေ္မာ်ဖျော်ရည်ကိုပိုက်ဖြင့်မွေရင်း ရေကူးကန်ဖက်ကိုကြည့်နေရာမှလှည့်မေးမိသည်။ ရေကူးကန်လေးကဟန်နီတော်တော်သဘောကျလောက်တယ်။ ဟန်နီနဲ့နှစ်ယောက်ထဲရေအတူကူးရရင်တော့..အဟိ..။
ပြုံးဖြီးနေတဲ့မျက်နှာနဲ့ဖျော်ရည်ပိုက်ကိုကိုက်ရင်းမေးခွန်းပြန်ထုတ်နေတဲ့ chanyeol ကြောင့် yixing လန့်သွားမိသည်။ငါးခူပြုံးနဲ့...။
"တရုတ်ဖက်ကသတို့သားရဲ့မိသားစုကတရုတ်ရိုးရာနဲ့ဆောင်ရမယ်ဆိုတော့တရုတ်ပြန်ရောက်မှလုပ်လဲရတာကိုသတို့မီးကကိုရီးယားမှာပဲမင်္ဂလာပွဲလုပ်မှာတဲ့..."
"အဲ့တော့..."
"နောက်ပြီးမနက်ဖြန်ကျရင်လဲနောက်တစ်ပွဲထပ်လုပ်မယ်တဲ့...မနက်ဖြန်ကျရင်တော့သတို့သမီးဆောင်ချင်တဲ့စတိုင်နဲ့ဆောင်မှာလေ..."
"အော်...လုပ်ပါစေ hyung ရယ်...hyung တို့ဘာနစ်နာလဲ...နောက်ပြီးတစ်သက်မှာတစ်ခါဆောင်မဲ့မင်္ဂလာပွဲကို special one ဖြစ်စေချင်လို့နေမှာပေါ့..."
YOU ARE READING
|| Give up for you || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »
Fanfictionʕ•ε•ʔ ❣ First create❣ ʕ•ε•ʔ Park Chanyeol × Doh Kyungsoo ❣______박찬열 × 도경수______❣ ___________chansoo___________ start date - 24.7.2021 end date - 11.10.2021 # ZAWGYI + UNI