(note;ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်)163
"appaသား ကြင်ယာဖက်တွေဖို့ဆုံးဖြတ်လိုက်ပြီ appaတို့ပြောတဲ့သူနဲ့ "
ညနေစာထမင်းဝိုင်းမှာတိတ်ဆိတ်နေတဲ့kyungsoo ဆီမှအသံထွက်လာသည်"ဟာ တကယ္လား ငါ့သား ဝမ်းသာတယ်ကွာ ကောင်းတယ် ဆုံး
ဖြတ်ချက်မှန်တယ် ဒါနဲ့မနက်ဖြန်မှပြောမယ်ဆိုမြန်လှချည်လား"
မြန်မြန်နာကျင်မှုတွေပျောက်ချင်ယုံပါ သူပေးခဲ့တဲ့အမှတ်တရတွေ
ကြားထဲမှာနစ်မွန်းရင်း မခံစားချင်တော့ဘူး.... သို့ပေမဲ့မှတ်မိနေဦးမည့်သူ့ကိုတော့ ဒီအတိုင်းမေ့ပစ်ဖို့တစ်နည်းတစ်ဖုံကြိုးစားပါရစေ"မြန်တော့ပိုကောင်းတာပေါ့ရှင် သားလေးသဘောကျမှာပါ အဲ့ကောင်မလေးက တအားချောတာသားရဲ့ မိဘစကားလဲနားထောင်တဲ့သမီးအလိမ္မာလေး နောက်ပြီးသူတို့မိသားစုကလဲ omma တို့နဲ့ရင်းနှီးတယ်လေ "
"ဟုတ်တယ် ငါ့သား ကောင်မလေးကဟိုတစ်ခေါက်သူ့အဖေနဲ့
appaတို့ကုမ္မဏီကိုလိုက်လာတုန်းကတော်တော်လှတယ် နောက်ပြီးယဉ်ကျေးတယ် လူကြီးသူမတွေကိုလဲသိတက်တယ်သားရဲ့ "
တစ်ယောက်တစ်ခွန်းချီးမွန်းခန်းဆိုနေကြသည့်မိဘနှစ်ပါးကတော့ မနက်ဖြန်ပဲလက်ထက်ပေးတော့မလို ပြောဆိုနေကြသည်"ဒါနဲ့appaသားသူ့ကိုဘယ်တော့တွေ့ရမှာလဲ "
"အော် အဲ့ဒါလား appaမေးထားပေးမယ် ဒီိတစ်ပတ်အတွင်းပေါ့"
"ဟုတ်ကဲ့"
ပြန်တိတ်ဆိတ်သွားတဲ့kyungsooနဲ့ သူတို့သားရဲ့ရှေ့ရေးအတွက်ပျော်ရွှင်ရင်းအတောမသတ်နိုင်တဲ့စကားတွေနဲ့ထမင်းဝိုင်းကတော့ထိုညကိုပုံဖော်ခဲ့ပြန်ပါပြီ စားတယ်ဆိုရုံသာပြီးသွားသောထိုညစာစားဝိုင်းလေးမှထကာအပေါ်ထပ်သို့တက်ခဲ့တော့သည် လသာဆောင်ကနေမြင်နေရတဲ့ညကောင်းကင်ကကြယ်ကလေးတွေကဟိုတစ်ပွင့်ဒီတစ်ပွင့်တောက်ပနေလေရဲ့ လကွယ်ညကိုကျော်လွန်ပြီးသွားပြီမို့လခြမ်းကွေးလေးဆီကအလင်းရောင်တစိုးတစတော့ဖြာကျနေသည် ညလေရူးကတချက်ချက်မျက်နှာပေါ်သို့နယ်ကျော်လေတော့မျက်ဝန်းတို့ကိုမှိတ်ချလိုက်သည် .......ခါးပေါ်ကယောကျာ်းပြီသတဲ့အကြောစိမ်းများဖြင့်လက်တစ်စုံ နှာခေါင်းဖျားဆီသို့ရိုက်ခက်လာတဲ့ရနံသင်းသင်းကြောင့်ရေချိုးပြီးစမှန်းသိသာ၏
ဂုတ်ပေါ်သို့အနမ်းဖွဖွများပေးရင်းခန္ဓာကိုယ်တစ်လျှောက်ပွတ်သပ် နေပြန်၏ ဒါလင်နဲ့တောင်မှပွနေသောရှပ်အကျႌမှာကျနော်ဝတ်လိုက်တော့ကလေးလေးကိုစောင်ပတ်ထားသလို ဒါကိုဒါလင်ကချစ်ဖို့ကောင်းတယ်တဲ့...ဒါလင့်ဖက်ကိုလှည့်လိုက်တော့နှုတ်ခမ်းတွေကိုသိမ်းပိုက်ပြန်သည် အရပ်မြင့်လွန်းတဲ့ဒါလင့်ကိုမှီဖို့ခြေဖျားထောက်ထားရသည်မှာကျနော့အတွက်မသက်သာဒါလင်လဲအားမရလို့
ထင်သည် ကျနော့ခန္ဓာကိုယ်အားချီလိုက်တော့ဒါလင့်ခါးတို့အားခြေထောက်နှစ်ဖက်ဖြင့်ချိတ်တွယ်လိုက်သည် ဒါလင့်လည်တိုင်ကိုချိတ်တွယ်ထားမိပြန်တဲ့ကျနော့လက်တွေ နှုတ်ခမ်းနှစ်စုံ၏ထိတွေမှုကပူလောင်လွန်းပြီးလျှာဖျားတို့မှာလည်းရစ်ပတ်ကာဒါလင့်လက်တို့မှာကျနော်တင်ပါးအား ညှစ်ယူကာနယ်ဖယ်နေသည် အနမ်းတွေ၏အလွန်မှာ ငွေမျှင်ရောင်ကြိုးလေးတွေကအဆုံးသတ်လေ၏....အဆုံးသတ်မဟုတ်ပါ နမ်းနေရာမှရပ်လိုက်ပြီးဒါလင်ကလရောင်ရဲ့အောက်မှာနတ်ဆိုးပေါက်စတစ်ကောင်ရဲ့အပြုံးကိုဖန်တီးရင်း ဝရံတာမှအခန်းထဲကမွေ့ယာဆီသို့အင့်ခနဲနေအောင်ပစ်ချလိုက်သည် ကျားပေါက်လေးမာန်ဖီနေသလိုဒါလင်ကကျနော့အပေါ်မှအုပ်မိုးလိုက်သည်.....ထိုအချိန်ကကျနော့အပြုံးတွေဒါလင့်အတွက်တောက်ပခဲ့ပါ၏.....ဟင့်အင်း....မစဉ်းစားချင်တော့ဘူး ဒီအရှုံးတွေ မှိတ်ထားလျှက်နဲ့မျက်ရည်တို့ကကျဆင်းနေပြန်သည် စိုစွတ်နေတဲ့မျက်ရည်တို့ကြောင့်တိုက်ခက်လာတဲ့လေကပိုအေးနေသယောင်... ယောင်ယမ်းကာခါးပေါ်ကိုကြည့်မိတော့လေတိုက်လို့နွဲ့ယိမ်းနေသည့်ရှပ်အကျႌအပါးတစ်ထည်ကလွှဲ၍မရှိခဲ့...အခန်းထဲသို့ပြန်ဝင်ကာကုတင်ပေါ်မှာထိုင်လိုက်ပြီးမျက်ရည်တို့ကိုသုတ်လိုက်သည် နောက်ဆုံးအနေနဲ့ကျတဲ့မျက်ရည်သာဖြစ်ချင်မိသည် သို့သော်လည်းဖြစ်ချင်ရုံသက်သက်သာ ဒါလင့်အကြောင်းတွေးမိတိုင်းမျက်ရည်တို့မှာမခမ်းနိုင်တာကြောင့်.....
YOU ARE READING
|| Give up for you || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »
Fiksi Penggemarʕ•ε•ʔ ❣ First create❣ ʕ•ε•ʔ Park Chanyeol × Doh Kyungsoo ❣______박찬열 × 도경수______❣ ___________chansoo___________ start date - 24.7.2021 end date - 11.10.2021 # ZAWGYI + UNI