part- 19(uni)🌚🔥

285 35 14
                                    

" hyung အခုတေလာ မျက်နှာလည်းမကောင်းဘူး။ ဘာဖြစ်တာလဲ။ "

ကိတ်မုန့်လုပ်ဖို့ ခရင်မ်အရောင်စပ်နေတဲ့ သူ့ကိုကြည့်ပြီး baekhyun က မေးသည်။ ခရင်မ်တွေ ကြာလတီ ကောင်းမကောင်း စမ်းကြည့်တာ ဆိုတဲ့ baekhyun က သူ့လက်တွေကို ခရင်မ်ထည့်ထားတဲ့ ဇလုံထဲ နှစ်ထားသည်။

" ဟင်း.... "

သူ့သက်ပျင်းချသံကိုကြားတော့ ဘေးက အရောင်ရောတာ အရှိန်လွန်သွားပြီး တစ်ဘူးလုံးလောင်းချမိသွားတဲ့ sehun ကပါ မျက်စိပျက်၊ မျက်နှာပျက်ဖြင့် လှည့်ကြည့်လာသည်။

" hyung ရယ်။ တစ်မနက်လုံး အဲ့သက်ပျင်းပဲချနေ။ ကျွန်တော်တို့ပါအသက်တိုမယ်။ "

" ဟုတ်ပါ့ hyung ကလဲ။ လင်ပူမိနေတဲ့ ရုပ်ကြီးနဲ့။ "

ထိုစကားကြောင့် အနာပေါ်တုတ်ကျဖြစ်သွားတဲ့ kyungsoo က မျက်နှာငယ်လေးဖြင့် သူတို့နှစ်ယောက်ကို ကြည့်လာသည်။ ပြောတက်ပါ့။ လင်ပူမိတာတဲ့။ သိပ်ကိုတော်သော နှစ်ကောင်ပါပဲ။

" ဟုတ်တယ်ဟေ့။ လင်ပူမိနေတာ... "

သူ့ရဲ့ စိတ်ပျက်လက်ပျက် အသံက သင်တန်းမှလူများ၏ အတန်းရှင်းကို ရယူလိုက်သည်။ ဝိုင်းကြည့်လာကြတဲ့ လူမ်ားကို ဘာကြည့်တာလဲ ဆိုတဲ့ အကြည့်နဲ့ မျက်လုံးပြူးပြလိုက်တော့ တန်းလှည့်သွားကြသည်။ (အဲ့လိုကို လွတဲ့ ဒိုပြူးပါ😌)

" hyung ဒါ ဘာပုံကြီးလဲ။ "

" မြင်တဲ့ အတိုင်းပဲ... "

ကိတ်မုန့်လုပ်ခြင်းအား အာရုံမရောက်တဲ့ kyungsoo က baekhyun ရဲ့ အေမးကို စိတ်မပါလက်မပါဖြင့် ပြန်ဖြေသည်။ baekhyun မှာတော့ အရှေ့က အပုံလိုက်ကြီး တည်နေတဲ့ အရာကြီးကို ကိတ်မုန့်ဟုမထင်။

သူလုပ်ထားတာတောင် လှဦးမယ်😌။ ကြည့်ပါဦး။ ဘယ်လောက် အနုပညာဆန်လဲလို့။ အစက်လေးနှစ်စက်ရယ်၊ အကွေးလေးတစ်ခုရယ် ပြုံးနေတဲ့ ကိတ်မုန့်လေး။ ဘယ်လောက်လှလဲလို့။ ( တအားတွေ ပင်ပန်းသွားပါဦးမယ် 😒)

ဆယ်ဆယ့်ကို ကျွေးလိုက်လို့ကတော့ ငါ့ကို ပစ်ကြွေသွားလိုက်မဲ့ ဖြစ်ခြင်း😎။

*****

" hyung ဘာလုပ်နေတာလဲ။ "

သင်တန်းပြီးတော့ sehun နဲ့ baekhyun က ထုံးစံအတိုင်း ကော်ဖီဆိုင်မှာ ထိုင်ကြပေမဲ့ မလိုက်တော့ဘူးဆိုတဲ့ kyungsoo က ခေါင်မိုးထပ်မှာ တစ်ယောက်ထဲ။ baekhyun ကလဲ sehun မနည်းနှင်လွှတ်မှ ဒီတစ်သက် မတွေ့ရတော့မဲ့ လူတွေလို ခွဲခွာစကားတွေပြောရင်း ပြန်သွားသည်။

|| Give up for you || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Where stories live. Discover now