part- 20 [ finale ]uni

314 32 32
                                    

[ Finale_XD ]

ငြိမ့်ငြောင်းတဲ့ မင်္ဂလာတေးသီချင်းက စန္ဒယားမှတစ်ဆင့် ဘုရားကျောင်းလေးအတွင်း ပျံ့နှံ့နေသည်။ ပြုံးပျော်နေကြတဲ့ လူအများနဲ့ ပျော်ရွှင်နေသည့် လူသားနှစ်ယောက်အတွက် ဘုရားသခင်ပေးသော လက်ဆောင်လေးပါပဲ။

" သတို့သား Park chanyeol သည် သတို့သား Doh kyungsoo အား ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ သေဆုံးသည်အထိ ပေါင်းသင်းနိုင်ပါသလား။ " (အိုင်သေချာမသိ😁)

အရှေ့ကရှက်လို့ ခေါင်းလေးငုံ့ထားတဲ့ဟန်နီက အဖြူရောင်သတို့သားဝတ်စုံလေးနဲ့ သိပ်ကိုလိုက်ဖက်လွန်းသည်။ နှင်းပွင့်လေးလို ဖြူနုနေတဲ့ ပါးမို့မို့လေးက ပန်းရောင်သန်းကာ သိပ်ကိုချစ်ဖို့ကောင်းလွန်းပါ၏။

" အဟမ်း...ဟမ်း။ သတို့သား Park chanyeol-shi ပေါင်းသင်းနိုင်ပါသလား ။ "

အငေးကောင်းလို့ ဖာသာရဲ့ မေးခွန်းတောင်မဖြေပဲ ပြုံးဖြီးရင်း သူ့ဟန်နီကိုကြည့်နေတဲ့ chanyeol ကို ဖာသာမွ ချောင်းဟန့်ရင်း အသံကျယ်ကျယ်နဲ့မေးလိုက်မှ ခေါင်းတရစပ်ငြိမ့်သည်။

" ပေါင်းသင်းနိုင်ပါတယ်။ "

" သတို့သား Doh kyungsoo သည် သတို့သား Park chanyeol အား ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သေဆုံးသည်အထိ ပေါင်းသင်းနိုင်ပါသလား။ "

မော့ကြည့်လာတဲ့ မျက်ဝန်းလဲ့လဲ့က ဘုရားကျောင်းရဲ့ အုတ်ပေါက်လေးများမှ ဖြာကျလာသော နေရောင်ခြည်လေးများကြောင့် ပိုလို့တောက်ပနေခဲ့သည်။ အပြုံးနုနုနဲ့အတူ သူ့စိတ်နှလုံးအား ဖမ်းယူသည်။

" ဟုတ်ကဲ့။ ပေါင်းသင်းနိုင်ပါတယ်။ "

သာယာနာပျော်ဖွယ်ကောင်းသော အသံလေးပါပဲ။ chanyeol အတွက် ပျားရည်ဆမ်းသော ဆန်မုန့်လေးထက်တောင် ချိုပါဦးမည်။

" သတို့သားနှစ်ယောက် လက်ထက်လက်စွပ် အပြန်အလှန်ဝတ်ပေးကြပါ။ "

ဖာသာပြောသလို လက်စွပ်,စွပ်ပေးဖို့ ဟန်နီ့လက်လေးကို လှမ်းဆွဲတော့ အေးစက်နေသည်။ စိတ်လှုပ်ရှားနေတဲ့ ဟန်နီ့ပုံစံလေးက အသည်းယားဖို့ ကောင်းလွန်းသည်။

|| Give up for you || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Where stories live. Discover now