part- 13(uni)🌚🔥

270 29 4
                                    

(note;ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်)

"ဒါလင်...ဘယ်သွားမလို့လဲဟင်.."

ရေချိုးခန်းထဲကထွက်လာပြီးဗီရိုဖွင့်ကာဟိုအကျႌဝတ်လိုက်၊ဒီအကျႌဝတ်လိုက်နဲ့အလုပ်ရှုပ်နေသောဒါလင့်ကိုမေးလိုက်သည်။ကျနော်ကတော့အိပ်ယာပေါ်မှာခေါင်းအုံးလေးပိုက်ရင်းအိပ်မှုန်စုံမွှားနဲ့ထိုင်နေတုန်း..။

"ဟန္နီ..နိုးပြီလား.."

"အင်း..."

အိပ်ချင်မူးတူးဖြစ်နေတဲ့ကျနော့ဆီလာပြီးနဖူးလေးကိုအနမ်းချွေသွားတဲ့ဒါလင်ကြောင့်ကျနော်ကျေနပ်စွာပြုံးလိုက်မိသည်။ရေချိုးပြီးခါစမို့ကျနော့ပါးလေးကိုဖြစ်ညှစ်သွားသည့်ဒါလင့်လက်တို့မှာအနည်းငယ်အေးစက်နေသည်..။ shampoo နံသင်းသင်းလေးရောပဲ...။

"ဒီနေ့ suho hyung ကသူ့ဆီခဏလာခဲ့ပါတဲ့..အဲ့တာသွားတွေ့မလို့.."

"အော်...ဒါဆိုဒါလင်ကအခုသွားတော့မလို့လား.."

"အင်း...ဟန်နီဘာစားချင်လဲပြောလေ..ကျနော်အပြန်ကျရင်ဝယ်လာပေးမယ်.."

ဒါလင်ကသူ့မျက်နှာရှေ့ဝဲကျနေတဲ့မခြောက်သေးသောဆံပင်တို့အားလက်ဖြင့်ခါရင်းလှမ်းမေးသည်..။

"တော်ပါပြီ..omma ကလဲအိမ်မှာလုပ်ကျွေးနေတာပဲ..ဒါနဲ့နောက်ကျမှာလားဟင်.."

"အဲ့တာတော့မသိဘူး..suho hyung နဲ့မတွေ့ရတာလဲကြာပြီဆိုတော့နည်းနည်းနောက်ကျမယ်ထင်တယ်...သိတယ္မလား hyung ကအပျော်သမားဆိုတော့..."

ကျနော့ဘေးလာထိုင်ရင်းပါးချိုင့်လေးခွက်ဝင်သည်အထိရယ်ရင်းပြောနေတဲ့ဒါလင့်လည်တိုင်ကနေသိုင်းဖက်ရင်းရင်ခွင်ကျယ်ကြီးထဲမျက်နှာအပ်ထားမိသည်..။ဒီရင်ခွင်ကျယ်ကြီးကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့ကျနော်သိပ်ကံကောင်းတာပဲ...။သဘောကျတယ်..ဒီရင်ခွင်နွေးနွေး...ဒီအပြုံးတောက်ပပတွေ...ဂရုစိုက်မှုတွေ..နောက်ပြီးခုလိုဖက်တွယ်ထားရတာကိုရောပဲ...။

"aigoo~ အချွဲလေး...ကျနော့သမာဓိကိုလာစမ်းနေတာလား..."

"..."

"စောစောစီးစီးနော်...ဟန်နီသတ္တိတွေကောင်းနေတယ်ပေါ့..."

"......"

|| Give up for you || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »Where stories live. Discover now