" ဟန္နီ ညွစ္ထား ရေတာ့မွာပါ။ ခဏေလးပဲ အားတင်းထားနော် ။ "" အီး... အင့်...! "
" ပါပါး...ဖိုက်တင်း ! ''
ရုန်းရင်းဆန်ခတ်ဖြစ်နေကြသော အခြေအနေတစ်ခုဖြစ်သည်။ ထို သားအဖသုံးယောက် ထဲမွ ပါပါးဆိုသူ ဒိုပုတစ်ယောက် အားတင်းပြီးညှစ်နေရသည်။ ကောင်းကောင်းမွန်မွန် ထွက်လာဖို့ကိုလည်း ချွေးစက်များကြားမှ ဘုရားသခင်ထံ ဆုတောင်းနေရသေးသည်။ အခန်းပြင်မှာ အော်ဟစ်လို့ အားပေးနေကြသော သားအဖ နှစ်ယောက်ရဲ့ အသံကလဲ အတိုင်းသားကြားနေရသည်မို့ တျခားသူမ်ားကို အားနာနေရသေးသည်။
" ရပြီ ! ''
အခန်းထဲမှ အသံအဆုံး ဝင်းလက်သွားတဲ့ မျက်နှာနဲ့ chanyeol ။ chanyeol ရဲ့ ဘေးမှာ ပိုရိုရို အရုပ်လေးပိုက်ရင်း ရပ်နေတဲ့ chansoo လေးမှာလဲ သူ့ ဒယ်ဒီဆီဘာတောင်းရင် ကောင်းမလဲ မေးစိကို လက်ဖြင့်ပွတ်လို့ စဉ်းစားနေလေရဲ့။
" ဟန္နီ ရပြီလား။ ထွက်လာပြီလား။ "
ဘာတွေလှမ်းအော်မေးနေမှန်း မသိတဲ့ chanyeol ကြောင့် kyungsoo တစ်ယောက် မျက်နှာကြီးပူကာ နီလာတော့သည်။ တကယ်ပဲ။ ရှက်ပါတယ်ဆို။
" ထွက်ပြီလို့ .. !! ''
ရှက်နေလဲ မတက်နိုင်ပါ။ ညှစ်ထားရလို့ အားမရှိတောင်မှ သူအော်ကိုယ်အော် ပြိုင်အော်ရမည်လေ။
" ဒယ္ဒီ ပါပါးကို သွားကြည့်လိုက်ဦးလေ။ တစ်ယောက်ထဲ အားငယ်နေမှာပေါ့။ "
ဘေးက သားတော်မောင်လေးက သူလိုချင်တာ ရတော့မှာမလို့ သိပ်ကိုအလိုက်သိနေသည်။ သားလေးရဲ့ baby powder နံ့ သင်းသင်းလေးထွက်နေတဲ့ ပါးဖောင်းဖောင်းလေးကို ဖိနမ်းလိုက်သည်။
" နောက်ဆုံးတော့ ဒယ္ဒီ လူပြန်ဖြစ်တော့မှာပေါ့။ chansoo မင်း ဒယ္ဒီ လူပြန်ဖြစ်ပြီကွ။ "
လက္သီး လက်မောင်းတန်းလို့ ပြောနေတဲ့ chanyeol ရဲ့ မျက်နှာကြီးက မျောက်ကို ငှက်ပျောသီးကျွေးလိုက်သလို တဖြီးဖြီးနဲ့။ ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ chansoo လေးကတော့ သူ့ဒယ်ဒီဆီ ဘာတောင်းရမလဲ သိသွားပြီမို့ ကြိတ်ပြုံးနေလေရဲ့။
YOU ARE READING
|| Give up for you || Z+U « 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 »
Fanfictionʕ•ε•ʔ ❣ First create❣ ʕ•ε•ʔ Park Chanyeol × Doh Kyungsoo ❣______박찬열 × 도경수______❣ ___________chansoo___________ start date - 24.7.2021 end date - 11.10.2021 # ZAWGYI + UNI