အပိုင်း၈

364 61 29
                                    

[Unicode]

"ဟေ့လူတွေ နောင်ကြီးကို မထိနဲ့ လွှတ်!!"

လည်မျိုတွင် ထောက်ထားသော ဓားသွားက ထက်လှသဖြင့် သူလှုပ်ရှား၍မရ။ အသံလာရာဆီသို့ လှည့်ကြည့်၍ မရသော်ငြား ထိုအသံသေးသေးက မည်သူ့အသံလဲ ဆိုသည်ကိုတော့ သိနေပါသည်။

"မာန်ရဇ္ဇ မလာနဲ့။ မလာနဲ့ အမြန်ပြေး။ နောက်ကို လုံးဝ လှည့်မကြည့်လေနဲ့"

မာန်ရဇ္ဇထံ အော်ပြောလိုက်သည့်အတွက်ကြောင့် ဓားဖြင့်ထောက်ထားသူက ရနောင်း၏ခါးကို ပြင်းပြင်းထန်ထန် ဆောင့်ကန်‌သည်။

"ကျုပ် ကျုပ်ကို ပြုသမျှ ခံပါ့မယ်။ အဲ့သည်ကလေးကိုတော့ လွှတ်ပေးပါ"

သျှောင်ထုံးများလည်း ပြေကျလျက် သိုရင်းနှင့်တောင်ရှည်မှာ ဖရိုဖရဲဖြစ်နေလေသည့် ရနောင်းထံ ဓားထောက်ထားသည့် လူတစ်စုက မျက်နှာများပြုံးဖြီးလျက် ပိုမိုနီးကပ်လှသည်။ ရနောင်း၏ လည်မျိုကို ခြေထောက်နှင့် နင်းထားလျက် လူတစ်ဦးက သိုရင်းကို ဖြဲဆုတ်လိုက်သည်။

"ဟင်"

ဒုတ်…

ထိုသူများ အံ့ဩနေစဉ် မာန်ရဇ္ဇက သစ်ကိုင်းခြောက် တစ်ခုဖြင့် ဝင်ရိုက်သည်။ အရိုက်ခံရသူ၏ ဦးခေါင်းမှ  သွေးများ စီးကျလာသည်။ ကျန်လူတစ်ဦးက မာန်ရဇ္ဇကို ဆောင့်ကန်လိုက်၏။

"ယောက်ျားဟန်ဆောင်ထားတဲ့ မိန်းမ မဟုတ်ချေဘူးကွ။ အမှန်စင်စစ် ယောက်ျားကြီးပဲ"

"တောက် !! ဒီကောင်က ဘဟာကြောင့် ဒီလောက် ချောမောနေသဟာတုံး"

ပြောရင်းဆိုရင်းဖြင့် ရနောင်း၏ တောင်ရှည်ကို ပေါင်ရင်းအထိ ဆွဲလှန်လိုက်ပြန်သည်။ လည်မျိုတက်နင်းထားပါသဖြင့် ရုန်းကန်ခြင်းမပြုနိုင်ပါချေ။ မိဘစကားကို လွန်ဆန်ကာ သိုင်းပညာ မသင်မိသည့်အတွက်လည်း အကြိမ်ကြိမ် နောင်တရနေမိသည်။ မာန်ရဇ္ဇရော …? ခေါင်းမာသည့်ကလေးက ထွက်ပြေးပါရဲ့လား။ အသံမကြားတော့ပါသဖြင့် ထွက်ပြေးပြီထင်။ မိမိကိုယ်ကိုယ်ထက် မာန်ရဇ္ဇကို ပိုစိတ်ပူရ၏။ အပြစ်မရှိသည့် ကလေးကိုတော့ အမှန်တကယ် လွတ်မြောက်စေချင်ပါသည်။

မြတ်နိုးရိပ်ဋီကာ (Uni, Zawgyi)Where stories live. Discover now