အပိုင်း၁၁

297 55 47
                                    

[Unicode]

အိပ်မောကျနေသည့် ဒီယုဂါကို အိပ်ယာထဲ တွန်းထည့်ပြီးနောက် အလင်းရောင်ရစေရန် ဖောက်ထားသည့် အပေါက်ငယ်မှ ခိုပြာတစ်ကောင်ဝင်လာသည်။ ဝေဠုက ဘေးဘီဝဲယာသို့ အကဲခတ်လိုက်၏။ မည်သူမှ ရှိမနေတာ သေချာမှ ခိုပြာ၏ ခြေထောက်တွင် ချည်ထားသည့် ပေလိပ်ငယ်ကို ယူလိုက်သည်။

ဖယောင်းတိုင်၏ အလင်းကို အားပြုလျက် ရနောင်းထံမှ ပေစာကို ဖတ်ကြည့်သည်။ ယနေ့ည သူမပါဘဲ မြင်းစုဝန်၏ အိမ်သို့ ထောက်လှမ်းမည့်အကြောင်းနှင့် အရာရှိတို့ စည်းဝေးကြမည့်သတင်းကို စုံစမ်းမိကြောင်း အတိုချုံးကလေးပင်။ ရနောင်း၏ မိဘများက ဝေဠုကို မသိကြပေ။ ပြည့်ကံကျွေးရပ်သို့ ရနောင်းလာနေခြင်းမှာ သူမျက်စိကျနေသည့် ပြည့်ကံကျွေးမ တစ်ဦး ရှိနေလိမ့်မည်ဟုသာ မှတ်ချက်ပြုထားကြသည်။ ရနောင်း၏ လှုပ်ရှားမှုတိုင်းမှာ ဝေဠုအကူအညီပါဝင်ကြောင်း သူနှင့်ရနောင်းသာ သိပါသည်။

"ကိုရင် ဝေဠု…"

တံခါးခေါက်သံနှင့်အတူ ပြည့်ကံကျွေးမတစ်ဦး ဝင်လာသည်။ ဝေဠုက ထိုပေစာကို စားပွဲခုံအောက်ရှိ ဆီမီးခွက်ထဲသို့ ထည့်၍ လက်စဖျောက်လိုက်၏။

"ဘဟာများတုံး"

"ဒီည မြို့တော်မြောက်အရပ်ဆီမယ် ခစားဖို့ ငှားရမ်းနေပါတယ်"

"ဘယ်နှယောက်တုံး"

"နာမည်အကြီးဆုံး ၇ဦးပါ။ ကိုရင်ဝေဠု လည်း ပါရပါမယ်။ သူဇာနတ်မယ် ပါချေမှ ရမယ်တဲ့"

"ကျစ်… ဒီရွတ်တွနေလေတဲ့ လူအိုကြီးများဟာလေ။ နှစ်ကူးချိန်မယ်တောင် မစောင့်ထိန်းနိုင်ကြဘူးတဲ့လား"

ဝေဠုဟာ ဤအိမ်၏ နာမည်အကြီးဆုံး ပြည့်ကံကျွေးဖြစ်သည့်အပြင် နေ့အချိန်၌ လုံးဝ အသုံးတော်ခံလေ့မရှိ။ ဝေဠုကို ယောက်ျားလော မိန်းမလော မည်သူမှ မသိပါဘဲ ညအချိန်တွေ့သည့် တစ်ခဏမှာ လှပလွန်း၍ သူဇာနတ်မယ်ဟူသော အမည်ပေးကာ အမွှန်းတင်ကြတော့သည်။ ကော့ညွတ်သောမျက်တောင် ၊ သွယ်လျသောခြေလက် ၊ မထူမပါးသော နှုတ်ခမ်းတို့အပြင် ရှက်၍ပြုံးလိုက်သောအခါ ပေါ်လာသော ပါးချိုင့်တစ်စုံကို မထိမကိုင် မြင်မိရုံဖြင့်ပင် ပုရိသတို့၏ ရမ္မက်လိုအင်များ အထွဋ်အထိပ်သို့ ပြီးမြောက်သည်ဟုလည်း သ‌တင်းလွေ့လွေ့ ပျံ့နေ၏။

မြတ်နိုးရိပ်ဋီကာ (Uni, Zawgyi)Where stories live. Discover now