အပိုင်း ၁၇

400 50 53
                                    

[Unicode]

သူ ဘယ်မှာလဲ ဘယ်ရောက်နေသလဲ မသိ လည်ချောင်းက ခြောက်ကပ်အက်ကွဲနေသည်။ ခေါင်းထဲကလည်း ရီဝေဝေနှင့်။

"ရေ …"

"ရောင်းရင်း သတိရပလား။ ဦးယုဝ !! ‌ဗျို့ဦးယုဝ !! သတိရလာပြီ"

ခက်ခက်ခဲခဲ တံတွေးမျိုချပြီးနောက် နီရွှေရောင် ချည်ချော မျက်နှာကျက်ကို အားယူပြီး သေချာကြည့်လိုက်သည်။ ဤသည်က ဝေဠု၏ အိပ်ခန်းပေ။ လုံမတစ်ဦး၏ ကျောပေါ် သယ်ယူခံရသည်ကို နောက်ဆုံးမှတ်မိပြီး ဝေဠုဆီသို့ ဘယ်လိုရောက်လာသလဲ မသိရချေ။ မဟုတ်မှ ဝေဠုကိုများ အမြင်မှားလေသလား။

"ရောင်းရင်း ရေရပြီ။ ဖြည်းဖြည်းမျိုချချေ"

လည်ချောင်းတစ်လျှောက် ရေအေးတစ်သွယ် စီးဆင်းသွားခါမှ နေလို့ကောင်းလာသည်။ ပခုံးတွင် အဝတ်စစည်းနှောင်ထားသည်ကို ခံစားမိလာသည်။ နာကျင်မှုက တိုးဝင်လာ၏။

"ဝေဠု …"

"ပြောပါ ရောင်း‌ရင်း"

"ကျုပ်ကို ဘယ်လိုရှာတွေ့သတုံး"

ဝေဠုက ဦးယုဝကို တစ်ချက်ကြည့်ပြီးမှ လေးတိလေးကန် ဖြေလာသည်။

"ကျုပ် ခင်ဗျားကို အိမ်ထဲ တစ်ကြိမ်ဝင်ပြီး ရှာသေးတယ်။ ဒီ့ပြင် ပတ်ဝန်းကျင်မှာလည်း မတွေ့ဘဲ သွေးစက်တချို့ကို ခြေရာခံရင်း ပျောက်သွားလို့ ပြန်လာသဟာ။ ကျုပ်အခန်းလှေကားအောက်မယ် တွေ့သဟာပဲ"

"ဘယ်နှရက်ရှိပြီတုံး"

"ရက်ကြာအောင် မေ့မနေပါဘူး။ မွန်းလွဲရုံ ရှိသေး"

ရနောင်း၏ ဦးခေါင်းတစ်ခုလုံး နောက်ကျိနေအောင် ဘာလုပ်သင့်သလဲ စဉ်းစားရသည်။ သူ့ကို ဘယ်သူကယ်ခဲ့သလဲဆိုသည့်မေးခွန်းကို ခဏ မေ့ထားရသည်။ သူ့ကိုကယ်မှတော့ သူ့ရန်သူ မဖြစ်နိုင်ပေ။ အဓိကအချက်က ပန်တျာကျောင်းမှ သူပျောက်သွားသည့်ကိစ္စ။ သူပျောက်နေမှန်း လူတိုင်းက သတိထားနေလောက်ပြီ။ ပြီးတော့ လူစိမ်းဝင်သည့် ပြဿနာနှင့် ထောင်ချောက်မှာ မိသည့် ပြဿနာအတွက်လည်း မြင်းစုကြီးဝန်သာမက နန်းတွင်းသို့ပင် သတင်းပေါက်မလား စိုးရိမ်ရသည်။ သူ့ဖခင်ဆီသို့လည်း သတင်းမပို့ရသေး။ သူ့ကိုမိသွားလျှင် သူ့ဖခင်လည်း ဒုက္ခရောက်နိုင်သည်။

မြတ်နိုးရိပ်ဋီကာ (Uni, Zawgyi)Tempat cerita menjadi hidup. Temukan sekarang