အပိုင်း၉

358 62 28
                                    

[Unicode]

"နောင်ကြီးစောင့်ပါဦးဗျ"

မာန်ရဇ္ဇဆွဲခေါ်ရာ လိုက်လာသဖြင့် တရော်ကင်ပွန်း မေ့ခဲ့တာသာ အဖက်တင်သည်။ စာချိုး၍လည်း အလှောင်ခံလိုက်ရသေးသည်မို့ လူက သိပ်မကြည်ချင်။ ဒေဝကတော့ သျှင်းရုံတို့နှင့် အဖွဲ့ကျနေချေပြီ။ များသောအားဖြင့် အရာရှိများက သာမန်အသည်သားများနှင့် ရောနှော မနေပါလေ။ မာန်ရဇ္ဇနှင့် ဒေဝကတော့ မာန်မာန မကြီးသူဖြစ်၍ နှိမ်ချ ဆက်ဆံခြင်းမရှိ။

"ကိုရင်ရနောင်း ရေမကစားချေဘူးလားဗျ။ ရေချိုးသန့်စင်ပြီးပကောလား"

"ဟုတ်တယ်မောင်ရင် ဒီကနေ့ ညနေမယ် ကျုပ် အိမ်ပြန်ချေမှာမို့ အရင် ပြန်နှင့်ပြီ"

"ဟာ … ကိုရင် ခြေလျင်ဆို တအားဝေးမှာဗျ။ လှည်းကြုံများ ရှိလိုရှိငြား စုံစမ်းချေပါဦး"

"နေပါစေ မောင်ရင် လမ်းမပေါ်ရောက်ရင်တော့ လှည်းအငှားရမှာပါ"

ရနောင်းက ကိုယ်လက်သန့်စင်ပြီး၍ ပြန်မည်ဖြစ်ကြောင်းလည်း အသိပေးပြီးပြီမို့ ဘယ်သူ့ကိုမှမစောင့်ပါဘဲ ထွက်လာခဲ့သည်။

"နောင်ကြီး စောင့်ပါဦးဗျ"

မာန်ရဇ္ဇက နောက်မှအလျှင်အမြန် လိုက်လာလေသည်။

"မောင်ရင်က ဗိုလ်တုရင်ကျော်ခေါင်ကို စောင့်မနေပေဘူးလား"

"ဘဟာကြောင့် စောင့်ရမှာတုံး။ ကျုပ်က နောင်ကြီးနောက်ပါးကို လိုက်လာသဟာလေ။ နောင်ကြီးကောင်းမှုကြောင့် ကျုပ်မြင်းလည်း ကျန်ခဲ့ပကော"

"ကဲပါ ညည်းညူမနေပါနဲ့။ လမ်းမကြီးပေါ်ရောက်ရင်တော့ အငှားလှည်းတွေ ရှိပါပြီ"

ဒုဋ္ဌဝတီမြစ်ကမ်းမှ လမ်းသွယ်အတိုင်း လျှောက်လာသည်။ စိမ်းမြသော သစ်ပင်များ အုံ့ဆိုင်းလျက် လူနေအိမ်ခြေများက ကပ်လျက်ရှိကြသော်လည်း ခြံဝန်းများမှာ ကျယ်လှသဖြင့် လူခြေတိတ်ဆိတ်သည်။ အိမ်တိုင်း၌ ကြက်မွေးကြသဖြင့် ကြက်တွန်သံများက သူတို့နှစ်ဦးကို အဖော်ပြုပေးနေသလိုပင်။ ရွာလမ်းတလျှောက်၌ ကလေးငယ်များ ပြေးလွှားဆော့ကစားနေသည်။

မြတ်နိုးရိပ်ဋီကာ (Uni, Zawgyi)Where stories live. Discover now