အပိုင်း၁၀

349 60 40
                                    

[Unicode]

ဝေဠုမှာ ရွှေနားတောင်းထက် ရွှေခြေကျင်းကိုကြည့်ကာ သဘောအကျကြီးကျနေလေသည်။ သို့သော်လည်း သဘောကျသည့်စိတ်ကို ပယ်လျက် မျက်နှာလွှဲပစ်လိုက်၏။

သူအသုံးတော်ခံရမည့်သူက ဘယ်သူမို့လဲ။ သူကြွယ်ကမွေးစားထားတဲ့ ကျွန်တစ်ယောက်သာပဲလေ။ သူနဲ့ဘာများကွာခြားနေလို့လဲ။ စိတ်ထားမကောင်းတဲ့အဘိုးကြီးက သားအရင်းကို ခွေးလေခွေးလွင့်လို ပစ်ထားပြီး နီးရာကျွန်တစ်ယောက်ကိုတော့ ပြောင်ရောင်နေအောင် မွေးခဲ့ပေလို့သာ သည်ကျွန်က သူ့ထက်သာလွန်နေရတာ မဟုတ်ပါလား။ သူတို့တစ်အိမ်လုံးက ဝေဠုအတွက်တော့ ပျော်ချင်ယောင်ဆောင်နေကြတဲ့ လူပြက်တွေသာသာပဲ။

"ရွှေတစ်ကျပ်သားမက စွန့်ကြဲထားလေတဲ့ ရွှေဧည့်သည်ကို ယခုလိုပဲ မျက်လုံးပေါက်မတတ် စိုက်ကြည့်နေချေတော့မှာလား။ ဒီပြည့်ကံကျွေးအိမ်က ဘာမှလည်း မတည်ခင်းချေဘူး။ တူရိယာလည်း မတီးတတ် ၊ သေရည်နဲ့အမြည်းလည်း မရှိ"

ဝေဠုမှာ ဆေးတံကို တဖန် ဒေါက်ခနဲနေအောင် ဆောင့်ချလိုက်ပြန်သည်။ လူကိုနှိမ်လျှင်ဖြင့် ကျင့်သားရနေပါသော်လည်း အလုပ်ကို နှိမ်လျှင်ဖြင့် သည်းမခံနိုင်ပါ။ ဝေဠုလက်အောက်ရှိ ပြည့်ကံကျွေးအိမ်မှာ သံသဝါပြုရာရပ်တစ်ခွင်၌ နာမည်အကြီးဆုံးဖြစ်ပေသည်။ ပြည့်ကံကျွေးမများ ချောသည်လှသည်ချည်းသာမဟုတ် ၊ အဆို ၊ အက ၊ အန်ချင်းသီဆိုရာ၌ပါ ပိုင်နိုင်သူ များလှပေသည်။ ဝေဠု၏ ပြည့်ကံကျွေးအိမ်၌ ကြက်သားဟင်း၊ငါးကင်နှင့် ခရုဟင်းချိုတို့မှာ နာမည်အကြီးဆုံးဖြစ်၍ ဘယ်လက်ရာမှ မမီချေ‌ဟု ချီးကျူးခံရပေသည်။ သေရည်အရာ၌လည်း ထန်းရည်ချို ခါး ၊ ခေါင်ရည်သာမက ကစော်ဖောက်ထားသည့် အရက်မွှေးများပင် စုံလင်စွာရနိုင်သည်။ ရှားပါးလှသော ရတနာကဲ့သို့ အနောက်နိုင်ငံမှ လျှို့ဝှက်ဝိုင်များသည်လည်း အထူးဧည့်သည်များအတွက် ရနိုင်သေးသည်။ ထို့အတွက်ကြောင့်လည်း အမျိုးမြင့်များ အများဆုံးစုဝေးရာ ပြည့်ကံကျွေးအိမ်ဖြစ်နေရခြင်းပေ။

ဝေဠုက တစ်ချက်လေချွန်လိုက်သည်။ မကြာခင် မှုံနံ့သာခြယ်ထားလျက် မွှေးကြူနွဲ့နှောင်းလှပါသည့် လုံမတစ်ဦးရောက်လာ၏။

မြတ်နိုးရိပ်ဋီကာ (Uni, Zawgyi)Where stories live. Discover now