<zawgyi>
Ch_13 {ရန်ဖြစ်တတ်တဲ့အိမ်ရှေ့စံ}
တည်းခိုဆောင်အပြင်ထွက်လာရင်း Leron သူ့ဘေးက အိမ်ရှေ့စံလေးကို အကြည့်နည်းနည်းပေးလိုက်သည်။
အစုတ်ဆုံးအခန်းပေမယ့် တဖြည်းဖြည်းနွေးလာတာမို့ Leron အိပ်မောကျသွားမိတာ... ဘေးကလူပေါ်မှီအိပ်မိမှန်းတောင် မနက်နိုးမှသိတယ်။ ညက နံရံကိုမှီအိပ်ခဲ့ကြသည့်အပြင် ပခုံးပေါ်အမှီခံရတာကိုပါ ဒီကောင်လေး တစ်ချက်မညည်းဘူး။ Leronနိုးတော့လည်း ကြိုနိုးနေတာတွေ့ရသည်မို့ သူ့ကြောင့်အိပ်ရေးမဝမှာကို အားနာနေမိတယ်။
ဘာလို့နိုးကတည်းကဆံပင်တွေရှုပ်မနေတာလဲ? Leronတောင်ထုံးထားတဲ့ဆံပင်ပြေသွားလို့ ပြန်စည်းထားရသေးတာလေ။ အိပ်ယာနိုးရင် ဆံပင်ပွနေရမှာပေါ့... ညက သူ့ကြောင့်အိပ်မရတဲ့အထိဖြစ်သွားတာလား?
သူ့ဆံပင်ကပဲ ကြပ်ကြပ်စည်းထားတာမို့များလား?"Ta' ဘာဖြစ်လို့လဲဟင်?"
Leronဆက်တိုက်ကြည့်နေမိတာကို သိသွားပြီထင်တယ်။"ဘာမှမဟုတ်ပါဘူး။ ငါတို့ဒီအတိုင်းပြန်လို့ဖြစ်ပါ့မလားလို့"
ကြည့်ရတာတော့ လန်းလန်းဆန်းဆန်းရှိနေသားပဲ... သူပဲအတွေးလွန်နေတာဖြစ်မှာပါ။
"ငါက ခိုးထွက်လာတာလေ။ မင်းကော ဘယ်လိုထွက်လာတာလဲ?""ကျော်တက်လာတာ"
"အုတ်နံရံတွေကိုလေ!"
ပေငါးဆယ်လောက်မြင့်တဲ့ဟာတွေမဟုတ်ဘူးလား?"အင်း"
Reiကတော့ ခေါင်းလေးအသာညိတ်ပြီး မထူးဆန်းသလိုပြန်ဖြေတယ်။"အင်းပါ။ ဟုတ်ပါပြီ"
တခါတလေ ဒီကောင်လေးကိုသာမာန်လူမဟုတ်ဘူးဆိုတာ Leronမေ့,မေ့သွားမိတာ။
"အထဲပြန်ဝင်ရင်ကော? ငါမှမကျော်နိုင်တာ""ကျွန်တော်ချီသွားပေးမယ်"
"အာ..."
သူ့ကိုချီပြီးကျော်တက်မှာလား?
ဒါကြီးက ကို့ယို့ကားယားမနိုင်လွန်းဘူးလား?"အခြားနည်းလမ်းမရှိတော့ဘူးလား?"
အမှန်အတိုင်းဝန်ခံရရင် Leronက အမြင့်နည်းနည်းကြောက်တယ်။ ခုတော့ အချီခံရပြီး အုတ်နံရံပေါ်ကျော်တက်ရမယ်ဆိုတာကို ပိုလန့်တယ်။ကလေးချီပြီးကောက်စိုက်နေတဲ့ လယ်သမတွေလိုဖြစ်နေမှာပေါ့!... မြင်ကြည့်လို့တောင်မရဘူး။
DU LIEST GERADE
My Beloved Prince...
Historische Romaneကျွန်ုပ်၏ မြတ်နိုးရပါသော အရှင်... [Not a Translation] ကျွန်ုပ်၏ မြတ်နိုးရပါသော အရှင်... [Not a Translation]