<zawgyi>
My Beloved Prince....
"လို...လိုအပ်လို့လား"
အဝတ်မပါတော့သည့် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းအား စူးစိုက်ကြည့်နေသော အိမ်ရှေ့စံမင်းသားကြောင့် Leronစကားထစ်ချင်လာသည်။
သူသည် ကိုယ်ခံပညာတတ်မြောက်သည့် ဘုရင့်စစ်သည်မဟုတ်သည့်တိုင် မြို့ရွာတို့အား လှည့်လည်သွားနေရသူ၏ တောင့်တင်းကျစ်လစ်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။
ဤမင်းသားလေးသည် မိန်းမပျိုတစ်ယောက်၏ ခန္ဓာကိုယ်ကို မမြင်ဖူးခဲ့ဟုထင်ရသည်။
အပေါ်တစ်ပိုင်းလုံးမြင်ပြီးတာတောင် ယောက်ျားတစ်ယောက်မှန်း လက်ခံချင်ပုံမရ။
ပန်းကနုတ်တို့ထွင်းထုထားသောခုံပေါ်တွင် ထောက်ထားသည့်လက်ပေါ် မေးတင်ရင်း သူ့အားခေါင်းအသာညိတ်ပြသည်။
ပိတုန်းရောင်ကဲ့သို့ နက်မှောင်လှသောဆံနွယ်တို့သည် စည်းနှောင်ထားလျက်သားနှင့် ပခုံးပေါ်ဝဲကျနေသည်။
မြစိမ်းရောင်သန်းသောမျက်လုံးတို့ကတော့ သူ့အပေါ်ပိုင်းမှ တဖြည်းဖြည်း အောက်ဆီသို့...ညလင်းပုလဲတို့၏ ဖြူဝင်းနေသောအလင်းရောင်အောက်တွင် Leron၏မျက်နှာသည် တဖြည်းဖြည်း ပို၍နီရဲလာလေသည်။
စိတ်မရှည်မှု၊ ရှက်စိတ်နှင့်အတူ အိမ်ရှေ့စံအား ခေါင်းခေါက်မိလျှင် မည်သည့်ပြစ်မှုမျိုးမြောက်နိုင်ကြောင်း Leronသိချင်လာသည်။
ယခု သူ့ရှေ့တွင် စူးစူးရဲရဲစိုက်ကြည့်၍ ခေါင်းမာနေသော တော်ဝင်မျိုးနွယ်လေးကို ဇာတ်ပိုးအုပ်မိလျှင် ပုန်ကန်မှုမြောက်နိုင်လောက်သည်။
မိမိအပြန်ကို စောင့်နေမည့်မိခင်မရှိလျှင် သူ သေချာပေါက်... နှစ်ချက်လောက်တော့ရိုက်ပစ်ချင်သည်။"ကျွန်တော်မျိုးက 'ဂန်ဂွါ'ဇာတိက ကုန်သည်ပါ။
အိမ်ရှေ့စံမင်းသား မယုံရင် ဈေးထဲမှာ ကျွန်တော်မျိုးရဲ့ ကုန်သည်အဖွဲ့ရှိပါသေးတယ်။
သူတို့က ကျွန်တော်မျိုး မလိမ်ဘူးဆိုတာ အတည်ပြုပေးပါလိမ့်မယ်"ကိုယ့်ညာလက်ကို ဘယ်လက်ဖြင့်အချိန်မှီထိန်းလိုက်ရင်း စိတ်လျော့ပြီးပြောလိုက်တော့ အိမ်ရှေ့စံရဲ့မျက်နှာသည် တဖြည်းဖြည်း ပို၍တည်ကြည်သွားသည်။
လက်ပေါ်မေးတင်၍ သူ့အားကြည့်နေရာမှ ခန္ဓာကိုယ်ကို တဖြည်းဖြည်းဖြင့်မတ်လိုက်လေသည်။
ထို့နောက် အတွေးကိုဖတ်ရန်ခက်ခဲလှအောင် တည်ငြိမ်သောအသံဖြင့်ဆိုလာသည်။
YOU ARE READING
My Beloved Prince...
Historical Fictionကျွန်ုပ်၏ မြတ်နိုးရပါသော အရှင်... [Not a Translation] ကျွန်ုပ်၏ မြတ်နိုးရပါသော အရှင်... [Not a Translation]