Ch_22 { ဘယ်ပွဲကြည့်စင်လဲ }
My Beloved Prince....
ခဲအိုဆိုတဲ့သူရောက်လာတဲ့အချိန်က တကယ်တော့ မိုးတောင်ကောင်းကောင်းမလင်းနိုင်သေးပေ။...။
'ပွဲတော်အတွက်ပြင်ဆင်ဖို့လိုအပ်သည်'ဆို၍ Leron ဆံထုံး,ထုံးပေးတာကို အသာလေးငြိမ်ပြီးငိုက်နေတာ။
Monguoကတော့ ငှက်ကိုထားခဲ့ပြီး ကြိုထွက်သွားပြန်သည်။ ဒီရက်ပိုင်း အတော်အလုပ်များနေသည့်ဟန်ပင်။ခါတိုင်း အနားမှာအမြဲလိုလိုရှိနေတတ်သည်မို့ နည်းနည်းဟာတာတာဖြစ်နေသယောင်ဟု_
တွေးရုံရှိသေး...
ဆံပင်အပြာနှင့်ခဲအိုက ပုံပြင်များထဲမှလူစွမ်းကောင်းကဲ့သို့ပင် 'ဝုန်း'ခနဲ အချိန်ကိုက်ရောက်လာတော့သည်။လက်နှစ်ဖက်ထဲဆေးထုပ်အပြည့်နှင့် တံခါးကိုတွန်းတိုက်ဝင်လာသည်မို့ အမှန်တကယ်'ဝုန်း'ခနဲမြည်တာရယ်ပါ။
မျက်နှာခြယ်လိမ်းပြီးအပြင်ထွက်လာချိန်လောက်မှာ ကြင်ယာတော်ဧည့်ကြိုခန်းတွင် ဆေးထုပ်တွေကအစီအရီ...
အခန်းထဲမှာ တာဝန်ကျေတဲ့ခဲအိုကြီးပါဆိုတဲ့အပြုံးနဲ့ Kaoကမိန့်မိန့်ကြီး၊ ဝတ်ကောင်းစားလှများကို လက်ဖြင့်ဖုတ်ဖတ်ခါရင်း 'ဒီလောက်ကတော့ မမှုပါဘူး'လို့ ပြောနေသယောင်။
အကူမိန်းကလေးတွေရဲ့ ချီးမွမ်းအားကျသံကလည်း နားနဲ့အပြည့်။
သူဟာနဲ့သူတော့ ဟုတ်နေတာပဲ...။Leronတစ်ယောက်ထဲသာ မျက်နှာပေါ်ကအမှုန့်များပျက်ခါနီးထိ ချွေးပေါက်ပေါက်ကျနေသည်။
"ဒါတွေက...?"
"ဒါတွေက အရမ်းကောင်းတယ်။ သိလား...
Ta'Feoဆီက ဆေးနည်းမရမကတောင်းပြီး ခဲအိုကိုယ်တိုင် ၃ရက်၃ညစောင့်ကြပ်ဖော်ခိုင်းထားရတာ။
အာနိသင်အရမ်းရှိပဲ""..."
အာနိသင်အရမ်းရှိတာ ဘယ်လိုသိတာတုန်း?
မင်း သောက်ကြည့်လို့လားကွ။"မခါးဘူး။ စိတ်ချ... ဒီခဲအိုကိုယ်တိုင် မြည်းကြည့်ပြီးပြီ"
"..."
ဒီစကားကြားအပြီးမှာတော့ Leron စိတ်ထဲကတောင် ထပ်မမေးရဲတော့ပါဘူး။တကယ့်ကို...
ညီအကိုဆိုတာ သိသာပါတယ်။
မွေးရာပါအစွမ်းလို့ပဲခေါ်ရမလား? နှစ်ယောက်လုံးက အတွေးတောင်ရပ်တဲ့အထိကို စွမ်းဆောင်ရည်ပြည့်ဝလှပါပေ၏။
ချီးမွမ်းပါတယ်ကွာ... တကယ်ပါ။
YOU ARE READING
My Beloved Prince...
Historical Fictionကျွန်ုပ်၏ မြတ်နိုးရပါသော အရှင်... [Not a Translation] ကျွန်ုပ်၏ မြတ်နိုးရပါသော အရှင်... [Not a Translation]