Zawgyi
Ch_19 {ငှက်ဖြူလေး}
My Beloved Prince....
"တိစွမ်းအင်ကို ကိုယ်၊ စိတ်၊ ဝိဥာဉ်_ Brue(ဘရူး)၊ Nori(နော်ရီ)၊ Soma(ဆိုမာ)၃ခုပြန်ခွဲလို့ရတယ်... ပိကျိ...
ဒါနဲ့ Ta'Ta'ဗိုက်ဆာပြီလား?"
စားပွဲပေါ်မှ အကြမ်းပန်းကန်လုံးအရွယ်ငှက်ဖြူလေးသည် အသံသေးသေးလေးနှင့် ဟိုခုန်ဒီခုန်အော်နေသည်။မနေ့က အိမ်ရှေ့စံရောက်မလာခဲ့။
ထိုအစား ဝါးပုစဉ်းကိုကိုက်ချီထားသည့်ငှက်အသေးလေးပြတင်းပေါက်မှပျံဝင်လာသည်။
ပြီးတော့ မေးတာကော၊မမေးတာကော ဆက်တိုက်ပြောသည်။ Leronအိပ်သည့်အချိန်မှလွဲ၍ မနေ့ညမှယခုနေ့လယ်အထိ...။"မဆာသေးပါဘူး။ မင်းရဲ့သခင်မလာသေးဘူးလား?"
Leronမျက်နှာကျက်နားမှာအသာအယာလည်နေသည့် စိမ်းလဲ့လဲ့ဝါးပုစဉ်းလေးကိုမော့ကြည့်ရင်းမေးလိုက်သည်။အစ,က အသံတွေဘာတွေပါလာမယ်ထင်ပေမယ့် မဟုတ်ပြန်ဘူး။ ရောက်လာကတည်းက အပေါ်ပျံတက်သွားပြီးလည်နေတယ်။ ဒီအတိုင်း... ငှက်လေးက ဆော့ဖို့ချီလာတာလား???
"သူ လုပ်စရာတွေမပြီးသေးဘူး"
ပြန်ဖြေရင်း ငှက် အနားခုန်လာလိုက်တယ်။
"သွားခေါ်ပေးရမလား?""ရတယ်... ထား,ထားလိုက်"
Leronသက်ပြင်းချတာမြင်လိုက်တာမို့ ငှက် ပခုံးပေါ်ခုန်တက်ရင်းမေးလိုက်တယ်။ အရွယ်ကို ကြက်ပေါက်စအရွယ်ထိသေးထားတာမို့ အနားကပ်ရပိုလွယ်နေတာကိုး။
"ပိကျိ... Ta'Ta'က လွမ်းလို့လား?""မဟုတ်ဘူး"
'လွမ်းတောင်နေရဦးမယ်တဲ့...'
ငှက်အလုံးလေးစကားကြောင့် Leronသွေးတွေတောင်ပြန်တက်လာတယ်။
'လွမ်းရင်တောင် ရွေစက္ကူတိုးတောင်းဖို့ပဲကွ!
မင့်သခင်ကြောင့် ငါ ဘယ်လောက်ဒုက္ခရောက်တယ်မှတ်တုန်း?? ဟင်??'
YOU ARE READING
My Beloved Prince...
Historical Fictionကျွန်ုပ်၏ မြတ်နိုးရပါသော အရှင်... [Not a Translation] ကျွန်ုပ်၏ မြတ်နိုးရပါသော အရှင်... [Not a Translation]