Ch_0

2.7K 86 4
                                    

<zawgyi>

My Beloved Prince....

ကျွန်ုပ်၏ မြတ်နိုးရပါသော အရှင်...

ရင်တွင်း၌ဖြစ်တည်နေသော နှလုံးသားတစ်စုံသည် တစ်စုံတစ်ခုသော အရာကိုသာ တောင့်တသည်။

အသုံးချခြင်းမရှိသော ချစ်ခင်မှု...
အထင်သေးခြင်းမရှိသော မျက်ဝန်းတစ်စုံ...
နှိုင်းယှဉ်ခြင်းမဆိုသော နှုတ်ခမ်း...
ဟန်မဆောင်တတ်သော အပြုံး...
နွေးထွေးသော လက်တစ်စုံ...
တောင်းဆိုခြင်းမရှိသော နားလည်မှု...
တန်ဖိုးထားတတ်ပါသော စကားတစ်ခွန်း...
ထုတ်ဖော်မပြသော ဂရုစိုက်မှု...

လိုအပ်နေသော ထိုတစ်စုံတစ်ရာအား ပေးခဲ့သူကိုသာ နှလုံးသားသည် အရှင်သခင်အဖြစ်သတ်မှတ်တတ်၏။...။

<><><><><><><><><><><><><><><>

လေတိုးသံတို့သည် နားကွဲမတတ် တဝီးဝီးမြည်နေသည်။
ဆောင်းဦး၏လေအေးတို့သည် အကာအကွယ်မရှိသော နန်းတော်မြိုးရိုး၏အနောက်ဘက်ကြာကန်ဘေးတွင် စိတ်ကြိုက်သောင်းကျန်းနေသည်။

သူ့ခန္ဓာကိုယ်လေးသည်လည်း ကန်၏အစွန်းတွင် ခိုက်ခိုက်တုန်ကာယိမ်းယိုင်လျှက်ရှိသည်။
လေရိုင်းတို့သည် သိုးမွှေးဝတ်ရုံအား တိုးဝင်ရိုက်ခတ်နေသည်။
နီရဲရဲပါးပြင်ပေါ်မှ မျက်ရည်စတို့သည် လေနှင့်အတူခြောက်ကပ်ကုန်သည်။

ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ခဲနေသောကန်ရေပြင်သည် ပိုးကတီပါဖိနပ်အောက်တွင် အက်ကွဲကြောင်းတို့ပေါ်လာသည်။

တဖျစ်ဖျစ်မြည်သံနှင့်အတူ သူ့ခြေလှမ်းလေးတွေက ရေခဲပြင်ပေါ်မှာ တစ်လှမ်းချင်းဖြင့်...

မကြာပါ။

ရေခဲလွာသည် ကွဲထွက်၍ ကလေးငယ်သည် ကန်အောက်ခြေသို့ကျွံကျသွားသည်။
ကြာပန်းတို့မပွင့်တော့သော ဤကန်သည် ကလေးတစ်ယောက်အတွက်နက်လွန်းသည်။

အနက်ရောင်ရေတို့၏အေးစက်မှုသည် သူ့အသားနုနုလေးအား အက်ပေါင်းများစွာစိုက်ဝင်သည့်အလား...။
အရိုးအကြောတို့ ကြေမွနေသည့်အလား...။

အသက်ရှူ၍မရတော့သလို လှုပ်ရှားဖို့ရာ ခက်ခဲလာသည်။
အချိန်ခဏအတွင်းတွင် အကုန်ပြီးဆုံးတော့မည်ကို သူခံစားမိသည်။
ထို့ကြောင့် ရုန်းကန်ခြင်းမပြုဘဲ သူအိပ်ပျော်ရန် ကြိုးစားလိုက်သည်။

My Beloved Prince...Where stories live. Discover now