<zawgyi>Ch_7{ဝင်ခွင့်ရနန်းဆောင်}
My Beloved Prince....
လေပူဖောင်းတို့သည် နှုတ်ခမ်းနှစ်စုံဖိကပ်ထားသည့်ကြားမှလွတ်ထွက်၍ ကန်မျက်နှာပြင်ဆီသို့ အလုအယက်ပြေးတက်နေကြသည်။
Reiပေးသောလေသည် Leronဆီသို့အပြည့်အဝမရောက်ပေ။
ကန်ထဲရှိရေသည်လည်း အေးစက်လွန်းသည်။
အချိန်ထပ်ကြာလျှင် Leronအတွက်အန္တရာယ်ရှိမှန်း Reiသိသည်။
သို့သော် သူ Leronစိတ်ငြိမ်ငြိမ်ထားဖို့ အချိန်ပေးချင်သေးသည်။လောလောဆယ်တွင် ရွေးချယ်စရာနှစ်ခုရှိသည်။
ရေနှစ်၍ရုန်းကန်နေသောသူကိုကယ်ချင်လျှင် သတိမေ့သွားအောင်အရင်ရိုက်ရမည်။
Leronကို သတိမေ့အောင်ရိုက်ရမှာ...။
ဒါက တသက်လုံးဖြစ်လာမှာမဟုတ်ဘူး!အဲ့တော့Reiနောက်တစ်ခုထပ်ရွေးရမယ်။
ရေကန်ကို ဖောက်ချပစ်ဖို့။'တိ'စွမ်းအင်တွေအသုံးလွန်လျှင် သွေးဆုံးရှုံးရတာက အဆန်းမဟုတ်ပေမယ့်...သူသွေးထွက်နေတာတွေ့သွားတော့ Leronလန့်သွားတာကို Reiမြင်လိုက်သည်။
ရေကန်ကိုချက်ချင်းဖောက်ချပစ်ဖို့က 'တိ'စွမ်းအင်အတော်လိုမှာ။ နှာခေါင်းသွေးလျှံတဲ့အထိဖြစ်နိုင်သည်။
Leronမြင်ရင် သူ့ကိုထပ်ကြောက်သွားလိမ့်မယ်။ဒါပေမယ့် မဖြစ်မနေရွေးရတဲ့အချိန်မှာတော့ Reiဒုတိယတစ်ခုကိုပဲရွေးဖို့ဆုံးဖြတ်လိုက်တယ်။
အဲ့ဒါကြောင့် Leronကို အသက်ရှူဖို့လေပေးပြီးတာနဲ့ ကန်ပေါ်ပြန်တက်ပြီး ရေဖောက်ချဖို့ပြင်မိသည်။
ထိုအချိန်တွင် Leronသည် မထင်မှတ်ဘဲ ပြန်ငြိမ်သက်သွားသည်။
ရုတ်တရက် သတိမေ့သွားသည်ထင်၍ Reiလန့်သွားသည်။ ပြာယာခတ်၍ ရေအနည်းငယ်မျိုချမိသေးသည်။မျက်နှာကိုကြည့်မိတော့မှ သူ့ကိုပြန်ကြည့်နေတဲ့မျက်လုံးတွေ ဖွင့်ပိတ်နေသေးတာကြောင့် တော်သေးသည်။
နည်းနည်းလောက်စိတ်ငြိမ်သွားလောက်ပီမို့ Reiအချိန်မဆွဲဘဲ ရေမှော်ပင်ဆီသို့ကူးသွားလိုက်သည်။
အပင်သည် Leron၏ခြေထောက်တွင်လုံးဝပတ်ထားသည်။ ရုန်းကန်ရာက ပိုညိသွားတာဖြစ်မည်။
ဆွဲဖြတ်နိုင်သော်လည်း သူသတိမထားမိလျှင် Leronခြေထောက်နာသွားလိမ့်မည်။
ထို့ကြောင့် အပင်လိုက်နှုတ်ယူလိုက်ပြီး Leronကို ရေမျက်နှာပြင်ပေါ်ဆွဲတင်လာခဲ့ရသည်။
YOU ARE READING
My Beloved Prince...
Historical Fictionကျွန်ုပ်၏ မြတ်နိုးရပါသော အရှင်... [Not a Translation] ကျွန်ုပ်၏ မြတ်နိုးရပါသော အရှင်... [Not a Translation]