#Unicode☑️
ယခုအချိန်တွင်အပူငွေ့ပေါင်းများစွာဖြင့် မော့မကြည့်နိုင်သည့်အခြေအနေထိဖြစ်နေရမည့် နေမင်းကြီးဟာမိုးတိမ်များကြားပျောက်ကွယ်၍ အိပ်စက်အနားယူနေသယောင်။ အညိုးကြီးစွာ သည်းကြီးမည်းကြီးရွာသွန်းနေသော မိုးရေမိုးပေါက်များအကြား မိန်မငယ်လေးတစ်ဦးဟာ မရပ်မနားဘဲ တစ်စုံတစ်ခုအားရှာဖွေနေလေသည်။
မိုးရေများရွဲစိုနေ၍ ခန္ဓာကိုယ်အနှံ့ဖြတ်ပြေးနေသော်လည်း အရေးမစိုက်မိပါချေ။ နီရဲမို့အစ်နေသောမျက်လုံးကလေးများဟာ ငိုထားကြောင်းသတ်သေတည်တယ်။
လှပသောမျက်ဝန်းလေးမှ မိုးရေများနှင့်ယောယှက်ကာမျက်ရည်ဥများဟာတဖြိုင်ဖြိုင်ရွာသွန်းလေတယ်။" လန်ကိုကိုလေး ရင်းကျဲကျဲ ရှာရတာမောလှပြီကွယ် ဘယ်မှာများလဲ ကလေးငယ်ရယ် "
" လန်လေး!! လန်ရိပေါ် လန်ကိုကိုလေး "
နာမည်မျိုးစုံခေါ်ယူသော်လည်း တုံ့ပြန်သံတစ်စုံတစ်ရာမကြားရသော်လည်း ဆက်လက်ရှာဖွေမိနေပြန်တဲ့ လန်လီရင်း
တစ်တောဝင်တစ်တောထွက်လို့မမောနိုင်မပန်းနိုင်ရှာဖွေရင်းရှာဖွေမိလေတော့သည်။ တဂျိန်းဂျိန်း⛈️⛈️⚡ မိုးချုန်းသံတို့ ကြားရသည့်အခါတိုင်း တုန်လှုပ်ကြောက်ရွံ့နေမည့်ကလေးငယ်လေးအဖြစ်အား တွေးမိရင်း သူ့ရဲ့ရှာဖွေခြင်းအမှုအား မရပ်တန်မိပါချေ ။" လီရင်း မိုးတွေအရမ်းသည်းနေပြီ တနေရာရာဝင်ခိုသင့်ပြီ "
အနောက်မှ မျက်ချေမပြတ်လိုက်လာတဲ့ Yangmi ဟာ သတိပေးစကားဆိုသော်လည်း လီရင်းတစ်ယောက်တစ်ချက်မျှလှည့်မကြည့်ဘဲ ဆက်လက်အော်ခေါ်နေပြန်တယ်။
" လန်ကိုကိုလေး လန်ရိပေါ် ရင်းကျဲကျဲ ခေါ်သံကြားရလား လန်ကိုကိုလေး "
" လန်လီရင်း ကလေးဆန်မနေနဲ့ ရှာတွေ့မှာပါ အခုလောလောဆယ် တစ်နေရာရာမှာ မိုးခိုမှဖြစ်မယ် "
မိမိစကားအား အဖက်မလုပ်သော လီရင်းအား သူ(မ)နံဘေးအရောက်သွားလို့ ကျောက်ဆောင်တစ်ခုရှိရာသို့ ဦးဆောင်ခေါ်သွားလိုက်တယ်။ထိုအခါ မျက်ရည်များစွာကျစင်း၍ တုန်ယင်နေသောခန္ဓာကိုယ်လေးဖြင့် မရုန်းမကန်ဘဲ အလိုက်သင့်ပါလာလေတယ်။
YOU ARE READING
[မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာ💚ForNadi💚= မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာCompleted
Historical FictionXiao Zhan _ Seme = top Lan Yibo(Wang Yibo) _Uke = bottom ✅ZSWWSZD✅ 🚨Zhanyi Fan fiction🚨 ❌Not Yizhan❌ ❌Not BJYX❌ Start - 6.29.2021[Tue] End - . 9.2.2021[Thur] #Ămaryllis_Ķ #For Nadi💚