#Unicode
တိတ်ဆိတ်အေးချမ်းတဲ့သမားတော်ဆောင်မှာ ချင်းရန်ဂနာမငြိမ်စွာဟိုလျောက်ဒီလေက်ဖြင့် ဗျာများနေတယ်။
ချင်းရန် သူ(မ)တွေ့လိုက်တာသာအမှန်တကယ်ဆို ကြင်ယာတော်လေးဆီမှာ အန္တရာယ်အငွေ့အသက်တွေရှိနေပြီဖြစ်သည်။
သခင်ကြီးကို အသိပေးချင်ပေမဲ့ ဇီယွီနဲ့ပရင်တိုင်ပင်ကြည့်ချင်သေးသည်မို့ ဇီယွီဆီလာခြင်း...
သိပ်မကြာလိုက် ဆေးခြင်းတောင်းထမ်းရင်း အနားရောက်လာတဲ့ဇီယွီ" မျန်မျန် ဘယ်လိုဖြစ်ပြီး ဒီရောက်နေရတာလဲ "
" ဇီယွီ ငါ နင့်ကို ပြောစရာရှိလို့ "
" ပြောလေ အရေးကြီးလို့လား "
" အင်း တော်တော်ကိုအရေးကြီးတာ ကြင်ယာတော်လေး နောက်ကို Yangzi နောက်ယောင်ခံလိုက်နေတယ် "
" အော် ဘာများလဲလို့ Yangziက အရင်က ကြင်ယာတော်လေးရဲ့အစေခံလေ အဆန်းလုပ်လို့ဟယ် "
" ဒါပေမဲ့ ....."
" ကဲ မျန်မျန်မ ငါနှယ့် ဘာများလဲလို့ ပင်ပန်းလာရတဲ့ကြားထဲ ရေခပ်ပေးပါလား"
" အင်း ကိစ္စမရှိဘူးဆိုလဲပြီးတာပဲ ဒါပေမဲ့ Yangzi က တကယ်တမျိုးပဲ ကြင်ယာတော်ကို ထိခိုက်အောင်လုပ်မှာစိုးလို့ပါ "
----~~~----~~~----~~~
ညနေမှောင်ရီပျိုးချိန်မှ မှော်နက်အရှင်နဲ့ကြင်ယာတော်ငယ်တို့ပြန်လာကြတယ်။
တိတ်ဆိတ်နေကြတဲ့လူသားနှစ်ဦးကြားမှာ စကားများဖောင်ဖွဲ့ကာမပြောကြသော်လည်းတစ်ယောက်ကိုတစ်ယောက်မေတ္တာအပြည့်လွှမ်းခြုံတဲ့အကြည့်တို့ဖြင့် ခိုးကြည့်နေကြလေရဲ့...။" ကြင်ယာတော်ငယ် ကိုယ် ဒီညသွားစရာရှိလို့ အိပ်ဆောင်အရင်ဝင်နှင့်နော် "
" အရှင်က ဘယ်သွားမို့လဲဟင်"
"...."
" အာ တောင်းပန်ပါတယ် အရှင် လန်လေး စည်းကျော်မိသွားတယ် "
" မဟုတ်တာ မင်းလေးက ကိုယ့်ကြင်ယာတော်ပဲ အကုန်သိခွင့်ရှိတယ် "
" .... "
" ကိုယ် ရှင်းဟွားတောင်ကို ရုတ်တရက်သွားစရာကိစ္စပေါ်လာလို့ပါ "
YOU ARE READING
[မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာ💚ForNadi💚= မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာCompleted
Historical FictionXiao Zhan _ Seme = top Lan Yibo(Wang Yibo) _Uke = bottom ✅ZSWWSZD✅ 🚨Zhanyi Fan fiction🚨 ❌Not Yizhan❌ ❌Not BJYX❌ Start - 6.29.2021[Tue] End - . 9.2.2021[Thur] #Ămaryllis_Ķ #For Nadi💚