episode 13:13[Unicode]

1.8K 138 20
                                    

.
.
.
.
.
.
.

" ကြင်ယာတော်လန် "

တစ်ခုခုပြောချင်နေပုံရတဲ့ ကြင်ယာတော်လန်ကို ဇီယွီငေးကြည့်နေမိတယ်။ပြောရခက်နေပုံရတဲ့ကြင်ယာတော်လေးဟာ အောက်နှုတ်ခမ်းလေးကိုကိုက်ပြီး မျက်လုံးလေးကလယ်ကလယ်နဲ့ချစ်ဖို့ကောင်းလွန်းတယ်။

လက်ထပ်ထိမ်းမြားတုန်းက ပုဝါအုပ်ထားသည်မို့မမြင်လိုက်ရပေ။ ရိုးရှင်းသောအဖြူ ရောင်ကျော့ကျော့လေးအားဝတ်စားထားပုံမှာ ကြည်လင်အေးမြတဲ့ရေကန်ကလေးထဲဝယ် မာန်မာနကင်းမဲ့စွာပွင့်လန်းနေတဲ့ကြာပန်းဖြူ လေးနှယ်။ အနီရောင်ဝတ်စုံလေးနဲ့သာဆို ကြင်ယာတော်လေးရဲ့အလှတရားဟာ နှိုင်းတုမဲ့လောက်အောင် မည်မျှလှလိုက်မလဲ....သခင်ကြီးတို့များ ရွေးတက်လိုက်ပါဘိ~

" ကြင်ယာတော်လန် ဇီယွီကိုခိုင်းစရာတစ်ခုခုရှိလို့လား "

" မဟုတ်ဘူး မဟုတ်ဘူး လန်လေး..."

လက်ကလေးများကိုအချင်းချင်းပွတ်ကာ ပြောရခက်နေတဲ့ကြင်ယာတော်လေးကြောင့်

" ကြင်ယာတော်လန်ပေးသမျှအမိန့်ကို ဇီယွီ နာခံပါ့မယ် "

" အမိန့်ရယ်လို့မဟုတ်ပါဘူး အကူအညီတောင်းစရာရှိလို့ "

" ပြောပါ ကြင်ယာတော်လန် "

" အရှင့်အတွက် ဆန်ပြုတ်, ပြုတ်ပေးချင်လို့ အဲ့ဒါ လန်လေး မလုပ်တက်ဘူး ဇီယွီကျဲက သင်ပြပေးပါလား "

ဇီယွီ တအံ့တသြငေးမောကြည့်နေမိတယ်။နောက်မှသူသတိရသွားတယ်။ ကြင်ယာတော်လေးက ယောကျာ်းပျိုတစ်ယောက်မို့ ဒီလိုအရာတွေ မတက်မြောက်နေသည်မှာမဆန်း။ သူ(မ)ဘယ်လိုတောင်မေ့ရက်နိုင်ရတာပါလိမ့်...ကြင်ယာတော်လေးဟာ မိန်းမပျိုလေးသဖွယ်အထင်မှားရက်လောက်အောင်လှပလွန်းသည်မို့ မှတ်ချက်မျိုးစုံတွေပေးနေမိသည်အား ကြင်ယာတော်လန် သိရင် အပြစ်ပေးနေမလား...
ဒီလိုအရာလေး အကူအညီတောင်းမို့ကို မ၀ံ့မရဲဖြစ်နေတဲ့ကြင်ယာတော်လေးအား သူ(မ)အသည်းးယားနေမိပါသည်။

" ဇီယွီ ကူညီပါ့မယ် နောက်ကလိုက်ခဲ့ပါ ကြင်ယာတော်လန် "

" ဟုတ်ကဲ့ ဇီယွီကျဲ "

[မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာ💚ForNadi💚= မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာCompletedWhere stories live. Discover now