episode 15:15

1.9K 147 29
                                    

#Zawgyi☑️

နက်စွေးစွေးအရောင်နှင့်အနီဖျော့ဖျော့တို့ရောစပ်ထားသောသူမှကြင်ယာတော်ငယ်လေးအား ခေါ်ဆောင်သွားတဲ့အခါကြင်ယာတော်လေးမှ မည်သူမှန်းသိသည့်အလား နှုတ်ခမ်းဖူးဖူးလေးများပွင့်အာ၍အသာတကြည်လိုက်ပါသွားတယ်။
တစ်စုံတစ်ဦးကတော့ နှုတ်ခမ်းပြတ်လုမတက်ကိုက်ထားကာ အငွေ့အဖြစ်ပျောက်ကွယ်သွားတယ်။ထို့သူ့၏ ဖြစ်တည်မှုအား တွေ့ရှိလိုက်သူဟာ ချင်းရန်ဆိုသောမိန်းမပျိုလေးပင်။ချင်းရန်၏ နှုတ်ခမ်းလွှာထပ်တွင် မဲ့ပြုံးတစ်ပွင့်ဖြစ်ထွန်းသွားလေရဲ့..။

လျှပ်တစ်ပြတ်အတွင်းရောက်ရှိလာသောထိုနေရာ ကျောက်ဆောင်ကြီးပေါ်မှရေကြည်ကြည်တို့စီးကျနေတယ်။မြက်ပင်သေးသေးလေးများက ဟိုတစ်စုဒီတစ်စု..
မြက်ပင်ကလေးများအားအုပ်မိုးရင်းစားနေသောယုန်ဖြူ ကလေးများ..
ကျောက်ဆောင်နံဘေးတွင်ရေသောက်စင်းနေသောသမင်မောင်နှံ...
တစ်ပင်လုံးပန်းဆီရောင်လွှမ်းနေသော
* ရွှဲမု *ပင်ကြီး၊ အကိုင်းအခက်များမှ ပွင့်ချပ်(၁၂)ခုပါဝင်သောလက်လေးဆစ်ရှိသောပန်းကလေးများက လှလှပပနေရာယူထားတယ်။
ပတ်ပတ်လည်လည်ပေါက်ရောက်နေကြသည်မို့ ပန်းဆီရောင်ထုံးလွှမ်းနေကြသလို့ န်းပွင့်ငယ်ကလေးမှထုတ်လွှတ်သောသင်းရနံ့များဟာ ပတ်ဝန်းကျင်တစ်ခုလုံးပျံ့နှံ့နေလျက်...။
ညင်&ညန်ငှက်မောင်နှံ့၏ အသိုက်ကလေးများမှ ငှက်ပေါက်စကလေးများဟာတကျီကျီတကျာကျာအစာတောင်းသံကလေးများမှာ ရေစီးကျသံတို့နှင့်အတူပျံ့လွှင့်နေကြသေးသည်။

ကြင်ယာတော်လန်လေးမှာ ပတ်ဝန်းကျင်တစ်ခုလုံးအားလုံးပတ်စေ့အောင်လိုက်ကြည့်နေပြီးနောက် အတော်လေးသဘောကျသွားဟန်ဖြင့်နောက်သို့လှည့်ကာ ဖြူ စင်သောအပြုံးကလေးနှင့်အတူ

" အရှင် "

" သဘောကျလား "

မှော်နက်အရှင်၏ အမေးစကားအား နှစ်ခြိုက်ဟန်အပြည့်ဖြင့်ခေါင်းလေးတငြိမ့်ငြိမ့်လုပ်ပြရင်း မြက်ပင်ကလေးများစားနေသောယုန်ငယ်လေးတစ်ကောင်အားကောက်ပွေ့လိုက်ပြီး

" သဘောကျတယ် အရှင် ဒါက ဘယ်နေရာလဲဟင် "

အရှင်ဟာသူ့ဆိုစကားအား နှုတ်ခမ်းပါးအောက်မှမှဲ့နက်ကလေးနေရာအနည်းငယ်ရွေ့သွားရုံလောက်သာပြုံးပြရင်း ကျောက်တုံးတစ်ခုပေါ်တွင်ထိုင်ကာ ပေါင်ပေါ်လာထိုင်ရင်ခေါ်ယူတယ်။
ကြင်ယာတော်လေးမှာ ယုန်ငယ်ကလေးအားပွေ့ချီထားလျက်ပင် အရှင့်ပေါင်ပေါ်သို့သွားထိုင်လိုက်လေသည်။

[မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာ💚ForNadi💚= မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာCompletedWhere stories live. Discover now