#Unicode☑️
အိမ်တော်ထဲကိုဝင်သွားလိုက်တော့ မိန်ဖျဖျအလင်းရောင်လေးသာရှိနေတယ်။ခါးမှပွေ့ချီခံထားရသည်မို့ အနည်းငယ်မျှပင်မလှုပ်ရဲ။
အခန်းတစ်ခုထဲသို့ ၀င်လိုက်တယ်။ အနီရောင်...အထူးသဖြင့်သွေးရောင်လွှမ်းနေတဲ့အခန်းကြီးတစ်ခု...။
အထဲရောက်သောအခါသေသေချာချာစေ့စေ့စပ်စပ်လိုက်ကြည့်နေမိတယ်။ ကျမ်းစာတွေအများကြီးအစီအရီထားရှိတဲ့စင်ရှေ့သွားရပ်လိုက်တယ်....။ အလိုအလျောက်ထွက်ပေါ်လာတဲ့အနီရင့်ရောင်အင်းကွက်အစီအရင်ကြောင့် လန်လေး ပြူးကြောင်ကြောင်လေးကြည့်နေမိတယ်။"အင်းကွက်ပေါ် လက်တင်လိုက် "
" ..... "
"ကြင်ယာတော်လေး ကိုယ် စကားနှစ်ခါပြောရတာမကြိုက်ဘူး "
အေးစက်ခြင်းနဲ့နူးညံ့ငြင်သာခြင်းအားရောယှက်ကာထပ်မံပြောဆိုလိုက်သံကြောင့် လန်လေး အရှင့်ရင်ဘက်မှဝတ်ရုံအားဆွဲစုတ်ထားရမှ ညာဘက်လေးကိုထုတ်ရင်းအစီအရင်ပေါ်လက်တင်လိုက်တော့ ကျမ်းစာတင်ထားတဲ့သစ်သားစင်ဟာအလယ်တည့်တည့်မှကွဲထွက်သွားတယ်။
သီးသန့်ကမ္ဘာသို့ရောက်သွားသည့်နှယ်။
ခြောက်သွေ့ပြီးအရွက်မရှိတဲ့အမြစ်သေအပင်တွေကနေရာယူထားတယ်။သစ်ရွက်ခြောက်တွေနဲ့တရွတ်တိုက်အဆွဲခံသွားရသည့်အလားအသွင်တွေကိုမြင်လိုက်ရတယ်။တချို့နေရာများတွင်သွေးများတစ်စက်တစ်စက်ကျနေတယ်။သွေးစက်တွေရဲ့အဆုံးသတ်က ခြောက်သွေ့ပြီးခြောက်ခြားဖွယ်ကျောက်ဂူကြီးအထဲမှာရှိနေလိမ့်မယ်ထင်တယ်။~အားးးးးးးး~
ရုတ်တရက်ထွက်ပေါ်လာတဲ့ကျောက်ဂူထဲမှအော်သံကြောင့် အရှင့်ကိုအတင်းဖက်တွယ်ထားလိုက်တယ်။
" အရှင်! "
" အထဲဝင်ကြမယ်နော် ကြင်ယာတော်လေး "
"ဟင့်အင်းးး...အရှင် အဟင့်..လန်လေး အဲ့ဒီအသံတွေမကြားချင်ဘူး ကြောက်တယ်....အဟင့် အရှင် လန်လေး မ၀င်ပါရစေနဲ့...ဟင့်"
အတင်းရုန်းကန်ပါမလိုက်ချင်နေတဲ့ကြင်ယာတော်လေးကိုခပ်တင်းတင်းဆွဲပွေ့ပစ်လိုက်တယ်။သူ့လက်ထဲကငိုရှိုက်နေတဲ့ကလေးငယ်လေးကို မဲ့ပြုံးလေးပြုံးပြပြီးကျောက်ဂူထဲသို့ဝင်လာလိုက်တယ်။
ကျောက်ဂူရဲ့ဘေးဘက်မှာအက္ခရာထွင်းထားတယ်။
" မရဏနယ်မြေ အပြစ်ပေးကျောက်ဂူ "
YOU ARE READING
[မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာ💚ForNadi💚= မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာCompleted
Historical FictionXiao Zhan _ Seme = top Lan Yibo(Wang Yibo) _Uke = bottom ✅ZSWWSZD✅ 🚨Zhanyi Fan fiction🚨 ❌Not Yizhan❌ ❌Not BJYX❌ Start - 6.29.2021[Tue] End - . 9.2.2021[Thur] #Ămaryllis_Ķ #For Nadi💚