#Unicode📎📎
မုန်တိုင်းပြီးလျှင်လေပြည်လာသကဲ့သို့ ပြဿနာမျိုးစုံအား ကျော်ဖြတ်ပြီးသည့်နောက်~ အရာအားလုံးက အေးအေးချမ်းချမ်းဖြစ်သွားကြတယ်။ လန်ရန်မီနဲ့လန်လီရင်းကတော့ လန်ဂိုဏ်းကို မပြန်တော့ဘဲ စစ်ကျွင်းတောင်မှာနေထိုင်ပြီး လီရန်ဂိုဏ်းကို သီးသန့်တည်ထောင်ကာ မိန်ကလေးများကိုသာဂိုဏ်းသားများအဖြစ်လက်ခံပြီး အေးချမ်းစွာနေနိုင်သွားကြတယ်။
မှော်နက်အရှင်နဲ့သူ့ရဲ့ကြင်ယာတော်လေးကတော့ ရင်သွေးလေးမမွေးဖွားခင်အထိ ရှင်းဟွားတောင်မှနေထိုင်ကြတယ်။
အရာအားလုံးက ပုံမှန်ပါပဲ...
မပုံမှန်တာဆိုလို့ လန်လေးရဲ့ဗိုက်ကလေးတနေ့တခြားဆူဆူလေးဖြစ်လာခြင်း..။
ရှင်းဟွားတောင်တွက် အချစ်ခံလေးဖြစ်နေတဲ့ လန်ရိပေါ်လေး..
ယွင်အာက နတ်သမီးဆီမှ အဖိုးတန်ပန်းတွေယူလာကာ လန်လေးကိုတနေ့တမျိုးမရိုးအောင်ကျွေးတယ်။အားယွဲ့ကလဲ သူ့ရဲ့မရီးမဟုတ်တဲ့ယောက်ဖကို ဂရုတစိုက်ဆက်ဆံတယ်။အထူးသဖြင့် ရှောင်းကျန့်ကတော့ အနားကမခွာ..။
ဟိုဟာဆိုလဲမလုပ်နဲ့၊ ဟိုနေရာလဲမသွားနဲ့ အစစအရာရာ အသေးစိတ်က အစဂရုစိုက်လွန်းတယ်။ ထမင်းစားရင်တောင် ခွံကျွေးသေးတယ်။
တနေ့တမျိုးမရိုးတဲ့မုန့်မျိုးစုံကို ဈေးထဲက သွားဝယ်ပြီး မစားနိုင်တဲ့အထိကျွေးတယ်။ ရေချိုးဖို့ အခန်းထဲဝင်ရင်တောင် အနားက မခွာ *ဖြည်းဖြည်းသွား*ဟုသော စကားကို ပါးစပ်ကမချဘဲ တတွတ်တွတ်ပြောလေတယ်။ယုန်ကလေးတွေကို အရှင်က ခေါ်ပေးထားသည်မို့ သူတို့လေးတွေက လန်လေးအတွက် အဖော်အမွန်ကောင်းလေးတွေပင်။
တခါတလေ လန်လေးပေါင်ပေါ်တက်ရင်း ဗိုက်ကလေးကို လက်ကလေးနှင့်ထောက်နေတက်သေးသည်။ အခုလဲ လန်လေးပေါင်ပေါ်တက်ပြီး ဗိုက်ကလေးကို ခပ်ဖွဖွထထားတယ်။" ဟမ်~~ နှစ်ယောက်လား "
လန်လေးရဲ့စကားကြောင့် ယုန်ကလေးက နှခေါင်လေးနဲ့ ဗိုက်ကလေးကို တရှုံ့ရှုံ့နမ်းရင်း နားရွက်လေးလှုပ်ပြတယ်။ယုန်ကလေးပြောတာကို နားလည်သည်မို့ လန်လေးမှာ အံ့သြသွားတယ်။
YOU ARE READING
[မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာ💚ForNadi💚= မှော်နက်အရှင်၏ချစ်ခြင်းမေတ္တာCompleted
Historical FictionXiao Zhan _ Seme = top Lan Yibo(Wang Yibo) _Uke = bottom ✅ZSWWSZD✅ 🚨Zhanyi Fan fiction🚨 ❌Not Yizhan❌ ❌Not BJYX❌ Start - 6.29.2021[Tue] End - . 9.2.2021[Thur] #Ămaryllis_Ķ #For Nadi💚